Showing posts with label Autumn's ပုံပြင်. Show all posts
Showing posts with label Autumn's ပုံပြင်. Show all posts
Thursday, 12 March 2015
Friday, 30 January 2015
ကန္တာရ ... မိုး
ငါဟာ .. ငါ့သဘာဝအတိုင်း
လေနှင်ရာကို လွင့်ပျံရင်း ...
တစ်ခုသော ကန္တာရကိုအဖြတ်
လွင်ပြင်ကို ငုံ့အကြည့်မှာ ..
ငါ့ခြေလှမ်းတွေရပ်သွားခဲ့ရတယ်
လှလိုက်တဲ့ ကန္တာရနှင်းဆီရိုင်းပန်းလေး
ငါစိတ်ဝင်တစား ရပ်ကြည့်နေမိတယ် ....
.
အိုး ... မင်းရှေ့မှာ မင်းနှလုံးသားကစီးကျနေတဲ့
မျက်ရည်တွေနဲ့ရေကြည်တွင်းလေး ....
ငါငေးကြည့်ဆဲမှာပဲ ခရီးသွားတစ်ချို့ရောက်လာကြတယ် ...
မင်းရှေ့ကအေးမြတဲ့ရေကြည်တွေကို
သောက်သုံးသယ်ဆောင်ကြတယ် ...
နှင်းဆီနက်လေး မင်းက ပြုံးပြီး
လက်ကလေးနှစ်ဖက်ဆန့်တန်းလို့
ကန္တာရထဲက မင်းကို ခေါ်သွားဖို့
တောင်းပန်နေရှာတယ်လေ ..
.
ဒါပေမယ့် သူတို့က မင်းရဲ့နှလုံးသွေးနဲ့
မင်းကို ရေလောင်းပေါင်းသင်ပြီးနှုတ်ဆက်သွားကြတယ် ...
မင်းကမျက်ရည်တွေနဲ့ပြုံးလျှက်ပဲ လက်ပြ ကျန်ခဲ့တယ်။
နောက် သက်ပြင်းလေးချပြီး ..
ကန္တာရနွေနေပူမှာ အဝေးကိုမျော်ငေးလို့
မင်းအတွက်အဖော်ကို မျှော်နေရှာခဲ့တယ် ...။
.
ငါဆို့နင့်စွာ ... မင်းအပေါ်အငြိုးကြီးစွာကျနေတဲ့
နေမင်းရဲ့အပူဒါဏ်ကို ... ငါ့ကိုယ်နဲ့
အလိုလို ဖြန့်ကျက် ကာကွယ်ပေးမိခဲ့တယ်
မင်းကိုယ်ပေါ်အရိပ်လေးကျလာတာသိလို့
မော့ကြည့်ပြီး ပြုံးပြလာတဲ့ မင်းလေးပျော်အောင်
ငါ့နှလုံးသားကို အရည်ဖျော်ပြီး ကန္တာရမိုးလေးအဖြစ်
မင်းကိုယ်ပေါ်ရွာသွန်းပေးလိုက်မိတယ်။
.
မင်းလေးသိတ်ပျော်လွန်းလို့
ငါ့ကိုမော့ကြည့်ပြီး မိုးစက်တွေကြားထဲ
ကြည်နူးကခုန်နေတာ ကိုကြည့်ပြီး
မင်းရဲ့ အထီးကျန်လွန်းတဲ့ ဘ၀လေးကို
ငါမြတ်နိုးစွာ ထာဝရ
ထွေးပွေ့ထားချင်မိလာတယ် ...
.
ဒါပေမယ့် ကောင်မလေးရယ်
ငါ့လို အညတြ တိမ်တမန် တစ်ယောက်က
ငါ့ကိုယ်ငါမပိုင်ဘူးလေ
မိုးနတ်နဲ့လေနတ်မင်းစေရာ
အချိန်တန်လွင့်ပျံရမှာပါ
.
ဒါပေမယ့်
ငါထွက်သွားမယ့်အချိန်မှာ
မင်းလက်လေးနှစ်ဖက်ဆန့်တန်းလို့
ငါ့အရိပ်လေးပျောက်သွားတဲံအထိ
မျက်ရည်တွေနဲ့ ကောင်းကင်ကငါ့ကို
မော့ကြည့်နေမယ့် မင်းလေးအဖြစ်ကို
တွေးမိပြီး ရင်နာနေမိတယ်
ကောင်မလေးရေ ...။
.
Autumn ( 30 . 1 . 2015 )
Friday, 17 January 2014
လမ်းပြကြယ်လေးတပွင့်
ကမ်းမမြင်လမ်းမမြင်
ကူးခပ်နေစဉ်အခါ
ကောင်းကင်ကကြယ်လေး
သူ... လမ်းပြတယ် ။
ကြယ်လေးက
ကျနော့်ဘဝလဲ
ထို့အတူပါဘဲ
စာမတတ်ပေမတတ်
အပေါင်းအသင်းကမရှိ
ဥာဏ်ကနည်းကံကမွဲ
ထူထူထဲထဲ အအတတ
လူ့ဗာလလေးကို ။
သူ
လမ်းပြကြယ်လေးက
အလင်းရောင်တွေပေး
ဥာဏ်ကောင်းဆေးတွေတိုက်
မိုက်နေတဲ့အသိတွေကိုဖွင့်
လူရာတင့်စေဖို့ကူညီ
အပေါင်းအသင်းစုံညီအောင်
မိတ်ကောင်းဆွေညာကိုပေး
သူ... လမ်းပြတယ် ။
ကြယ်လေးက
ကျနော့်ဘဝလဲ
ထို့အတူပါဘဲ
စာမတတ်ပေမတတ်
အပေါင်းအသင်းကမရှိ
ဥာဏ်ကနည်းကံကမွဲ
ထူထူထဲထဲ အအတတ
လူ့ဗာလလေးကို ။
သူ
လမ်းပြကြယ်လေးက
အလင်းရောင်တွေပေး
ဥာဏ်ကောင်းဆေးတွေတိုက်
မိုက်နေတဲ့အသိတွေကိုဖွင့်
လူရာတင့်စေဖို့ကူညီ
အပေါင်းအသင်းစုံညီအောင်
မိတ်ကောင်းဆွေညာကိုပေး
ညီ,အကို မောင်,နှမတွေဖွဲ့လျှက်
အားတတ်စေဖို့တိုက်တွန်း
ရင်တွင်းမှာကြည်နူးမိ
အားတတ်စေဖို့တိုက်တွန်း
ရင်တွင်းမှာကြည်နူးမိ
ကုသိုလ်အသိတွေတိုးပွား
ရိုးရိုးသားသားကျနော်ပြောမ
နွေးထွေးလက်ပိုင်ရှင်အားလုံ
လေးစားပါတယ် ခင်မင်ပါတယ်
အညာကတောသား ကျနော်
အမေပေးထားတာက မျိုးနိုင်
နွေးထွေးလက်မှာက ကိုကိုနိုင်
အခု ကိုနိုင်ဆိုတာလဲ အဲ ကျနော်
Thursday, 29 August 2013
မေးပါရစေ မျိုးချစ်တို့ရေ...
ကမ္ဘာမြေမှာ ခိုလှုံစရာ ခေါ်ဆိုတဲ့အိမ်...
ရံရွေအလည်ထည်ဝါစွာ ဆင်စွယ်နန်းအိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်....
နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်...။
အဝေးဆီက တေးသံလေးတစ်ပိုင်းတစ်စ
အိမ်.... ဟုတ်တယ် ... အဲ့ဒီ အိမ်ဆိုတာလေးအတွက်
ကျမတို့ လောကဓံကို ခါးစည်းရုန်းကန်ခဲ့ရတယ်....
အဲဒီအိမ်ဆိုတာလေးကို ပိုင်ဆိုင်ဖို့အတွက်
ကျမတို့ဘဝရဲ့အချိန်တွေကို
နှစ်မြှုတ်ပေးဆပ်
ရုန်းကန်ခဲ့ရတယ်...
အဲဒီအိမ်ဆိုတာလေးမှာ ကျမတို့မိသားစုလေး
ပျော်ရွှင်ကြည်နူးခဲ့ကြဖူး
တယ်... ။
အဲဒီအိမ်ဆိုတာလေးမှာ
အိမ့်ဆည်းလည်း…..သားကလေး
ပျော်ရွှင်စွာဆော့ကစားနေ နေခဲ့တယ်.......
အရာရာဟာ
အဲ့ဒီအိမ်မှာပဲ ပြီးပြည့်စုံပြီး လှပခဲ့တယ်... ။
ကြမ္မာ မုန်တိုင်း
ကြမ်း အ၀င်
ကျမတို့
ဘာသာဝင် အစွန်းရောက် တွေကစ
သူခိုးကိုဓါးရိုးကမ်း….
အမေကျော်ဒွေးတော်လွမ်းလို့
မိခင်မြေကို….
အပိုင်းပိုင်း ဖဲ့ဖို့ကြံ
အကြမ်းဖက်
ကျူးကျော်သူတွေဖက် မားမားရပ်
သမိုင်းလိမ်တွေကို
မီးမောင်းထိုး
သစ္စာမဲ့မှုတွေအတန်တန်ကျူးလို့
အကြမ်းဖက်မှုကိုထောက်ခံ..
ဂျီဟတ်မယ်
တကဲကဲလုပ်ရာက စခဲ့တာပေါ့…။
တစ်နေ့..... အဲ့ဒီတစ်နေ့ဟာ
ကျမတို့မိသားစုရဲ့ ကမ္ဘာပျက်တဲ့နေ့...
လောကလူသားတွေကြား
လူ့ငရဲသားတွေ
ဝင်ရောက်ဆိုးသွမ်း ဆူညံသံတွေမင်းမူ...
တရားဥပဒေဆိုတာကြီးက ပျောက်ကွယ်..
အကြင်နာတရားဆိုတာ နတ္ထိ...
စဉ်းစားတွေခေါ်မှုဘယ်မရှိတဲ့
သွေးဆာနေတဲ့ လူ့ငရဲသားတွေကြီးစိုး...
သူတို့ပါးစပ်က ထွက်ကျလာတဲ့စကား
အမျိုး ဘာသာ သာသနာတဲ့...
သူတို့ ရဲ့အပြုအမူတွေကတော့
စကားလုံးတွေနဲ့ ပီဘိဆန့်ကျင်....
ရက်စက်ကြမ်းကြုတ်မှုတွေ
ပျော်ပျော်ကြီးဆင်နွှဲ
ဘာသာခြားအိမ်တွေ မီးတင်ရှို့သတဲ့လေ.... ။
ကျမတို့ရဲ့ ဂေဟာကလေးဆီ
မျက်ရည်တွေကြားက ငေးကြည့်မိ
ဝါးမြိုနေတဲ့ မီးတောက် တွေက ကျမကို ပျက်ရယ်ပြု
အသည်းနာစရာပင်ကောင်းလိုက်ပါဘိတော့.... ။
ဘိုးဘေးကစလို့ အခြေချခဲ့တဲ့ဒီမြေ နဲ့ဒီရေ
ဘာသာစုံ တိုင်းရင်သားစုံ အေးအတူ ပူအမျှ
စနစ်ဆိုး ရဲ့လက်အောက်မှာ သေအတူရှင်မကွာ
တစ်ဦးကိုတစ်ဦးဖေးမ
သွေးစည်းမှုတွေနဲ့စည်းရိုးကာ
မေတ္တာတရားရဲ့ အသီးအပွင့်ကို စား
ဗြဟ္မစိုတရား လေးပါးကို ဦးထိပ်ထား
ဗုဒ္ဓဘာသာဝင်တို့ အများဆုံးရှိရာမြေ….။
ထေရ၀ါဒ နိုင်ငံရယ်လို့…..
အာရှအလယ်မှာလက်မထောင်
ကမ္ဘာက အသိမ်မွေ့ဆုံးသာသနာရယ်လို့
သတ်မှတ်ခံခဲ့ရတဲ့ ဘာသာဝင်တွေ
အဓမ္မကို ဓမ္မနဲ့ပဲတုန့်ပြန်ရမယ်လို့
မြတ်ဗုဒ္ဓတားမြစ်ချက် လိုက်နာကျင့်သုံး နေတဲ့စံပြနိုင်ငံ
ဘယ်တုန်းကမှ အခုလို လူမဆန်တဲ့အလုပ်
လုပ်ကြဖို့ တိုက်တွန်းသံ
မကြားခဲ့စဖူး....
ခရီးသွားဟန်လွှဲသူတို့တရားဟောပွဲက
အသံတွေ ကြားဖူးပါရဲ့....
တစ်ခါဖူးမျှ အကြမ်းဖက်ဖို့တိုက်တွန်းတဲ့တရား
မကြားဖူးခဲ့တဲ့ နိုင်ငံ…..
လူ့ငနွား လူ့ငရဲသားတွေလိုလည်း
ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့လုပ်ရပ်များကို
ကိုယ်တိုင်ပြုကြဖို့ဝေးစွ
အားမျှပင်မပေးခဲ့ကြဖူးတဲ့သာသနာဝင်တွေ
အခုမှ ဘယ်လိုဖြစ်ကြတာလဲဟင်…။
ခုတော့ တစ်ခါဖူးမှ မကြားဖူးတဲ့ စကားလုံးတွေနဲ့
သူတို့ကိုယ်သူတို့ အမျိုး ဘာသာ သာသနာ
ကာကွယ် စောင့်ရှောက်သူ လို့ဟစ်ကြွေး
ကျမတို့အိမ်ကလေးကို
မီးတင်ရှို့သွားခဲ့ကြတယ်လေ
သစ္စာမဲ့သူတို့ အတွက်
ငါ တို့ ကို အပြစ်ပေး တယ်တဲ့လား….။
အနာဂတ်ပျောက်သွားတဲ့ ငါ့ရဲ့ရင်သွေး
နေစရာမဲ့သွားတဲ့ မိသားစု… (ငါတစ်ယောက်ထဲမဟုတ်ဖူး)
ဆွဲစရာ ခွက်တောင် မကျန်တော့တဲ့ ဘ၀တွေ
မီးစာ ကုန်ချိန်မှ သုည ဘ၀ ရောက်ရတဲ့ မိဘ
ဒါတွေ အတွက်…
မြတ်ဗုဒ္ဓ တရားတော်နဲ့ အညီ
ရှင်တို့ ဘ၀ဆက်တိုင်း ပေးဆပ်ကြပေါ့…..။
ရှင်တို့တွေကို
တစ်ခုပဲမေးလိုက်ချင်တယ်....
အမျိုး ဘာသာ သာသနာစောင့်တို့ရေ
အမျိုးသားရေးအော်ပြီးတော့ တိုင်းပြည်ကို
ဖျက်လို့ဖျက်နေမိမှန်းကို
ရှင်တို့သိကောသိကြရဲ့လား… ဟင်
ရှင်တို့ကြောင့် ကျမတို့သိနားလည်ထားတဲ့
ရှင်တို့ဘာသာဝင်တွေရဲ့ မေတ္တာတရား…
စာနာနားလည်စိတ် ချစ်ခင်ကြင်နာစိတ်ဆိုတဲ့
နာမည်ကောင်းတွေမှာ နာမည်ဆိုးတွေ
အမည်းစက်တွေ စွန်းထင်းကုန်ကြပြီဆိုတာကို
ရှင်တို့သိမှသိကြရဲ့လား... ကိုရွှေမြန်မာမျိုးချစ်တို့ရယ်…..
????????
˜º̶̶ƷʌuτuмиƸ̶º˜˜
Monday, 26 August 2013
ကြယ်ဇင်...ချစ်သူ ...သို့
ရင်ခုန်သံတွေ အေးစက်သွားပြီလားချစ်သူ
မင်းနှုတ်ခမ်းက စကားသံချိုချိုလေးတွေ
မင်းနှုတ်ခမ်းက စကားသံချိုချိုလေးတွေ
ပျောက်ဆုံးနေခဲ့တာ ကြာပြီပဲ
မရနိုင်တော့မှန်းသိပေမယ့်
ငါကြားချင်မိနေတုန်း မျှော်လင့်မိနေတုန်းပဲ ချစ်သူ ...
ငါ့ရဲ့အချစ်က ကန်ရေပြင်မှာ
ခဲလုံးလေးတစ်လုံးကျသွားသလို
ခနတာ ဂယက်ရိုက် လှုပ်ခတ်ပြီးချစ်ခဲ့တဲ့
အချစ်မျိုး မဟုတ်ပါဘူး ...
ကျောက်ထွင်းအက္ခရာလိုမျိုး
ရာဇ၀င်မယ့် အချစ်မျိုးနဲ့
မင်းကို မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာပါ ။
မရနိုင်တော့မှန်းသိပေမယ့်
ငါကြားချင်မိနေတုန်း မျှော်လင့်မိနေတုန်းပဲ ချစ်သူ ...
ငါ့ရဲ့အချစ်က ကန်ရေပြင်မှာ
ခဲလုံးလေးတစ်လုံးကျသွားသလို
ခနတာ ဂယက်ရိုက် လှုပ်ခတ်ပြီးချစ်ခဲ့တဲ့
အချစ်မျိုး မဟုတ်ပါဘူး ...
ကျောက်ထွင်းအက္ခရာလိုမျိုး
ရာဇ၀င်မယ့် အချစ်မျိုးနဲ့
မင်းကို မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာပါ ။
မင်းသိရဲ့လားချစ်သူ
အခုဆိုရင်လေ ငါမြတ်နိုးတဲ့သူက
ပျံသန်းရတာကိုပဲ နှစ်သက်တဲ့
ငှက်ကလေးတစ်ကောင် ဖြစ်နေမှာကို
ငါတစ်ကယ်...စိုးရိမ်နေမိပြီ ချစ်သူ ...
အခုဆိုရင်လေ ငါမြတ်နိုးတဲ့သူက
ပျံသန်းရတာကိုပဲ နှစ်သက်တဲ့
ငှက်ကလေးတစ်ကောင် ဖြစ်နေမှာကို
ငါတစ်ကယ်...စိုးရိမ်နေမိပြီ ချစ်သူ ...
KyAl ZiN
Tuesday, 11 June 2013
UninviteD GuesT
တစ်ကယ်တော မင်းတို.အားလုံးဟာ
ငါတို.မကြိုဆိုခဲ.တဲ. ဧည်.သည်တွေပါ...
ခုလည်းဧည်.သည်တွေပါပဲ ...။
မင်းတို.တွေဟာ ငါတို.မြေမှာ လာခိုလှုံတယ်
ပြီးတော့ ငါတို.တံခါးတွေကို ချိုးဖျက် ကြတယ်
ငါတို.ရဲ.လူတွေကိုလုပ်ကြံ သတ်ဖြတ်ခဲ.ကြတယ်
ငါတို.ရဲ. အမျိုးကောင်းသမီးတွေကို ဖျက်စီးခဲ့ ကြတယ်...။
ငါတို့တစ်တွေက မင်းတို.အထောက် အပံ.ခံတွေမဟုတ်သလို
မင်းတို.ကလဲ ငါတို.ရဲ.ကျေးဇူးရှင်တွေမဟုတ်ဘူး ...
မင်းတို.က ငါတို.ဆွေမျိုးတွေမဟုတ်သလို
ငါတို.ဇတ်တူတွေလဲမဟုတ်ဘူး ...။
အခုတော့ မင်းတို.ကို လက်ခံခဲ.တဲ.အတွက်
မင်းတို.နေဖို. ဖဲ.ပေးထားတဲ. ငါတို.မြေလေးကို
အပိုင်သိမ်းဖို.ကြိုးစားနေကြပြီ ....။
ငါတို.မြေမှာနေပြီး သွေးဆာနေတဲ. ခွေးအ တွေလို
ငါတို.ကို မာန်ဖီခြိမ်းခြောက်နေပြီ....။
မင်းတို.အပိုင်သိမ်းချင်နေတဲ. ငါတို.မြေလေးကို ခွဲမပေးနိုင်တဲ.အတွက်
မင်းတို.နဲ. မင်းတို.အပေါင်းပါတွေရဲ. ရက်စက်မှုတွေကို
ငါတို.လက်တွေ.ခံစားနေကြရပြီ...။
ငါတို. ညီအစ်ကိုတွေရဲ. အပြစ်မဲ့တဲ.
ရုပ်လောင်းတွေကို ငါတို့ တွေ.မြင်နေကြရပြီ...
အကူအကယ်မဲ.နေတဲ. ငါတို.ညီအစ်ကိုမောင်နှမတွေကို
မင်းတို. အပေါင်းပါတွေနိုင်.ထက်စီးနင်းပြုနေကြပြီ...။
ငါတို.မြေမှာ မင်းတို. နွေးထွေးစေခဲ.တယ်
မင်းတို.အပေါင်းပါတွေက တော.
ငါတို.မိသားစုဝင်တွေကို
စိတ်ထင်တိုင်း သတ်ဖြတ်ခဲ.ကြတယ်...။
ငါတို.မြေမှာမင်းတို.အေးအေးချမ်းချမ်း
လုပ်ကိုင် စားသောက် နေ၇တယ်
မင်းတို.အပေါင်းပါတွေကတော.
လကုန်တိုင်း သူတို.ပို.တာလေးနဲ. အသက်ဆက်ရမဲ.
ငါတို.ညီအစ်ကိုတွေရဲ. မိသားစုတွေကို
မျှော်လင်.ချက်တွေ မဲ.စေခဲ.တယ် ....။
ငါတို.မြေမှာ မင်းတို.ကို လူကိုလူအတိုင်း
ဆက်ဆံ ခဲ.ပေမယ်.
မင်းတို.အပေါင်းပါတွေကတော.
ငါတို.ညီအစ်ကိုတွေကို
တိရစ္ဆာန်တွေလို ဆက်ဆံနေကြပြီလေ...။
မင်းတို.သိရမှာက
ငါတို.မှာ အသိုင်းအ၀ိုင်းရှိတယ်
မင်းတို.လို ပျံကျတွေမဟုတ်ဖူး...
ငါတို.မှာနှလုံးသားတွေရှိတယ်
မင်းတို.လို နှလုံးသားမဲ.တွေမဟုတ်ဖူး...
ငါတို.တွေမှာမျှော်လင်. ချက်တွေရှိတယ်
မင်းတို.လို မျှော်လင်.ချက်မဲ.တွေ မဟုတ်ဖူး...
ငါတို.မှာအရှက်တရားနဲ.ကြောက်စိတ်ဆိုတာရှိတယ်
မင်းတို.လို ကြောက်စိတ်မဲ. တွေမဟုတ်ဖူး...။
ငါတို.မှာ အမျိုးဘာသာ သာသနာ အတွက်သတ္တိတွေရှိနေတယ်
ဒါပေမယ်. မင်းတို.လို အစွန်းရောက်တွေတော့မဟုတ်ဖူးးး..။
ငါတို. ညီအစ်ကိုတွေမှာ နာမည်တွေရှိတယ်
သူတို.နာမည်တွေကို အကြမ်းဖက်ခံ လို.မှည်.မထားဖူး...။
ကျွေးတဲ့လက်ကိုကိုက်
ခွေးထက်မိုက်တဲ.သူတွေ
တစ်ကယ်တော.
မင်းတို.အားလုံးဟာ
ငါတို. မကြိုဆိုခဲ.တဲ.ဧည်.သည်တွေပါ...။
ခုထိလဲဧည်.သည်ပါပဲ...။
Autumn (11.6.2013)
Thursday, 7 February 2013
ချစ်သူ.................သို့
ချစ်သူ ... မင်း
စွန့်သွားတော့မယ်တဲ့လား။
ဒီနေရာလေးမှာ
မင်းရဲ့အငွေ့အသက်တွေရှိနေသလို
မင်းရဲ့ဆေးစက်တွေရှိနေခဲ.တယ်။
မင်းရဲ့အိမ်မက်တွေရှိနေသလို
မင်းရဲ့ခံစားချက်တွေရှိနေတယ်လေ။
မင်းရဲ့ရင်ခုန်သံတွေရှိနေခဲ့သလို
မင်းရဲ့အကြင်နာတွေလဲရှိနေပြန်တယ်။
မင်းရဲ့နွေးထွေးမှုတွေရှိသလို
မင်းရဲ့မျက်ရေတွေလဲရှိခဲ့တယ်လေ။
ငါတို့အတူပျော်ခဲ့ကြသလို
ငါတို့ရင်ခုန်သံတွေစုပြီး
တစ်သံထဲမြည်ခဲ့ကြတဲ့နေရာလေ။
ပြီးတော့ .....
မင်းကိုငါဒီနေရာလေးမှာကောက်ရခဲ့တာပါ။
တစ်ခါတစ်ရံ
မင်းယောင်ရမ်းလို့သတိရခဲ့ရင်တော့
ဒီနေရာလေးမှာ
ခေတ္တဖြစ်ဖြစ် ခိုဝင်နားလှည့်ပါချစ်သူ။
ငါ့ရဲ့ရင်ခွင်က မင်းလေးကို
အရင်လို နွေးထွေးစေမှာပါ။
˜º̶̶ƷʌuτuмиƸ̶º˜˜
Sunday, 2 December 2012
Friday, 17 February 2012
...သို့

ချစ်သူ...
အိပ်မရတဲ့ညတိုင်းမင်းကိုပဲ
သတိရနေမိတယ်.
မင်းမရှိတဲ့.အချိန်တိုင်းမှာ
အရာရာက.
လေးနက်မူ့မရှိခဲ့ပါဘူး
အချိန်တွေသာ
ကုန်လွန်သွားခဲ့တာပါ
မကုန်ခမ်းနိုင်တဲ့..အချစ်တွေက..
ငါ့ရင်ထဲမှာရှိနေသေးတယ်..ချစ်သူ..
ရခဲလှတဲ့..အချိန်တိုအတွင်းမှာ..
မင်းကို.စက္ကန်.တိုင်းသတိရနေမိတယ်
တကယ်တော့.
ငါဟာအချစ်ဦးမဟုတ်ခဲ့ပေမယ့်..
မင်းအတွက်အချစ်ဆုံး သူတယောက်ပါ
မတွေ့ ရတဲ့ အချိန်တွေမှာ
ထိုင်နေကျထိုင်ခုံလေးရယ်
ရောင်ချာချာဖြစ်နေတဲ့ငါ့စိတ်တွေရယ်
ထိမ်းချုပ်ရခက်နေပြီ..ချစ်သူ..
မင်းသိနိုင်မလား.ချစ်သူ
စက္ကန့်တံလေးတွေလည်ပတ်နေတိုင်း
အသက်ရှူတိုင်းး ရင်ခုန်တိုင်း
မင်းကိုပဲသတိရနေတတ်ပြီ
ဖြူစင်တဲ.အချစ်ကို
ငါကပဲအရောင်ဆိုးချင်ခဲ့ မိတာလား
တကယ် .ချစ်ခဲ့တယ်ဆို ရင်ပေါ့
တချက်လောက်တော့ငှဲ့ကြည့်လှည့်ပါ
မင်းမသိတဲ့ငါ့ရင်ထဲမှာ..
မင်းပုံရိပ်တွေ
စိုးမိုးနေပြီချစ်သူ။
˜º̶̶ƷʌuτuмиƸ̶º˜˜
အိပ်မရတဲ့ညတိုင်းမင်းကိုပဲ
သတိရနေမိတယ်.
မင်းမရှိတဲ့.အချိန်တိုင်းမှာ
အရာရာက.
လေးနက်မူ့မရှိခဲ့ပါဘူး
အချိန်တွေသာ
ကုန်လွန်သွားခဲ့တာပါ
မကုန်ခမ်းနိုင်တဲ့..အချစ်တွေက..
ငါ့ရင်ထဲမှာရှိနေသေးတယ်..ချစ်သူ..
ရခဲလှတဲ့..အချိန်တိုအတွင်းမှာ..
မင်းကို.စက္ကန်.တိုင်းသတိရနေမိတယ်
တကယ်တော့.
ငါဟာအချစ်ဦးမဟုတ်ခဲ့ပေမယ့်..
မင်းအတွက်အချစ်ဆုံး သူတယောက်ပါ
မတွေ့ ရတဲ့ အချိန်တွေမှာ
ထိုင်နေကျထိုင်ခုံလေးရယ်
ရောင်ချာချာဖြစ်နေတဲ့ငါ့စိတ်တွေရယ်
ထိမ်းချုပ်ရခက်နေပြီ..ချစ်သူ..
မင်းသိနိုင်မလား.ချစ်သူ
စက္ကန့်တံလေးတွေလည်ပတ်နေတိုင်း
အသက်ရှူတိုင်းး ရင်ခုန်တိုင်း
မင်းကိုပဲသတိရနေတတ်ပြီ
ဖြူစင်တဲ.အချစ်ကို
ငါကပဲအရောင်ဆိုးချင်ခဲ့ မိတာလား
တကယ် .ချစ်ခဲ့တယ်ဆို ရင်ပေါ့
တချက်လောက်တော့ငှဲ့ကြည့်လှည့်ပါ
မင်းမသိတဲ့ငါ့ရင်ထဲမှာ..
မင်းပုံရိပ်တွေ
စိုးမိုးနေပြီချစ်သူ။
˜º̶̶ƷʌuτuмиƸ̶º˜˜
Wednesday, 7 December 2011
ဘ၀သင်ခန်းစာ..

အဖေတွေးကောင်းတွေးနေမိလိမ့်မယ်
အဖေသင်ပေးခဲ့တဲ့ဘဝသင်ခန်းစာတွေကို
ကျနော်နားမလည်ခဲ့ဘူး ဒါမှမဟုတ်
နားမထောင်ခဲ့ဘူးလို့ ...ဒါပေမယ့်အဖေ
စကားလုံးတိုင်းကိုကျနော်မှတ်မိနေခဲ့တယ်။
အဖေတွေးကောင်းတွေးလိမ့်မယ်
အဖေ့ရင်ခွင်ရဲ့အဝေးမှာကြီးပြင်းရတဲ့ကျွန်တော်ဟာ
အဖေ့ဆီကဘာမှမရလိုက်ဘူးလို့....ဒါပေမယ့်အဖေ
အဖေပေးခဲ့တာအားလုံးကို နှလုံးသားထဲမှာ
ရေးမှတ်သိမ်း ဆည်းထားခဲ့တာပါ။
ကျွန်တော့်ဘဝပင်လယ်ပြင်ကမီးပြတိုက်အဖေ
အဖေ့လမ်းပြမှုကြောင့်သာမဟုတ်ခဲ့ရင်
ဒီကနေ့ကျွန်တော်ဆိုတဲ့လူကောင်းတစ်ယောက်ဟာ
လောကမှာ ရှိလာမှာမဟုတ်ဘူးအဖေ။
အဖေဟာကျွန်တော့်နှလုံးသား
ကျွန်တော့်ဦးဏှောက် နဲ့ကျွန်တော့်ဘဝကို
ဘယ်သူ့ခြေဖဝါးအောက်မှမရောက်အောင်
သန်မာတဲ့အစိတ်အပိုင်းတွေအဖြစ်
တည် ဆောက်ပေးခဲ့တဲ့
ကျွန်တော့်ဘဝရဲ့ဗိသုကာပညာရှင်ပါ။
အဖေပေးတဲ့အရည်အသွေးတွေနဲ့
ကြီးပြင်းခဲ့တဲ့ကျွန်တော်
အဖေတူသားတယောက်ဖြစ်တာ
ဝင့်ကြွား ဂုဏ်ယူခဲ့တဲ့ကျနော်ဟာ
အဖေထာဝရဂုဏ်ယူနေရမယ့်
အဖေ့ရဲ့သားပါ..
တမလွန်ကအဖေကြားနိုင်ပါစေ။
˜º̶̶ƷʌuτuмиƸ̶º˜˜
Thursday, 24 November 2011
မောင်...

ချစ်ရတဲ့မောင်....
အိပ်မက်မဟုတ်တဲ့...အတိတ်က...
ချစ်ခဲ့ခြင်းတွေအတွက်တော့...
ကျမတယောက်တည်း....လွမ်းမပြေဖြစ်နေခဲ့တာပါ....
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်....
သောကတွေကင်းတဲ့...ချစ်ခဲ့တဲ့အတိတ်ကနေ့ရက်တွေကို
ပြန်လိုချင်မိတယ်...မောင်ရယ်....
အခုချိန်များမှာတော့..မောင်ရယ်
ကျမတယောက်တည်း..အလွမ်းတွေခင်းတဲ့....
အထီးကျန်ခြင်းလမ်းမပေါ်မှာ...တ၀ဲလည်လည်နဲ့...
နှလုံးသားတွေစတေးခဲ့တဲ့...အတိတ်ကဖြစ်ရပ်တွေထဲက...
ရုန်းမထွက်နိုင်သေးဘူးမောင်.....
မောင့်အတွက်...ကျမနှလုံးသားက
ကစားစရာဖြစ်ခဲ့တော့...မုန်းရမဲ့အစား...
ငိုကြွေးခြင်းနဲ့သာဖြေသိမ့်ခဲ့တာပါမောင်...တကယ်တော့
ကစားခဲ့တဲ့မောင့်မှာလဲအပြစ်မရှိသလို...
ချစ်ခဲ့တဲ့ကျမမှာလဲအပြစ်မရှိပါဘူး...
လွမ်းရအောင်ဖန်တီးခဲ့တဲ့...
နှလုံးသားရဲ့စေညွှန်ချက်တွေကြောင့်ဖြစ်ခဲ့တဲ့...
အသဲကွဲရခြင်းကို..ကျမတယောက်ထဲမျက်ရည်မိုးတွေနဲ့သာ...
ဖုံးကွယ်ထားရင်း...ရင်နှင့်အမျှချစ်ရတဲ့...
မောင်ကို...ထာဝရလွမ်းနေမယ်..မောင်......
˜º̶̶ƷʌuτuмиƸ̶º˜˜
အိပ်မက်မဟုတ်တဲ့...အတိတ်က...
ချစ်ခဲ့ခြင်းတွေအတွက်တော့...
ကျမတယောက်တည်း....လွမ်းမပြေဖြစ်နေခဲ့တာပါ....
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်....
သောကတွေကင်းတဲ့...ချစ်ခဲ့တဲ့အတိတ်ကနေ့ရက်တွေကို
ပြန်လိုချင်မိတယ်...မောင်ရယ်....
အခုချိန်များမှာတော့..မောင်ရယ်
ကျမတယောက်တည်း..အလွမ်းတွေခင်းတဲ့....
အထီးကျန်ခြင်းလမ်းမပေါ်မှာ...တ၀ဲလည်လည်နဲ့...
နှလုံးသားတွေစတေးခဲ့တဲ့...အတိတ်ကဖြစ်ရပ်တွေထဲက...
ရုန်းမထွက်နိုင်သေးဘူးမောင်.....
မောင့်အတွက်...ကျမနှလုံးသားက
ကစားစရာဖြစ်ခဲ့တော့...မုန်းရမဲ့အစား...
ငိုကြွေးခြင်းနဲ့သာဖြေသိမ့်ခဲ့တာပါမောင်...တကယ်တော့
ကစားခဲ့တဲ့မောင့်မှာလဲအပြစ်မရှိသလို...
ချစ်ခဲ့တဲ့ကျမမှာလဲအပြစ်မရှိပါဘူး...
လွမ်းရအောင်ဖန်တီးခဲ့တဲ့...
နှလုံးသားရဲ့စေညွှန်ချက်တွေကြောင့်ဖြစ်ခဲ့တဲ့...
အသဲကွဲရခြင်းကို..ကျမတယောက်ထဲမျက်ရည်မိုးတွေနဲ့သာ...
ဖုံးကွယ်ထားရင်း...ရင်နှင့်အမျှချစ်ရတဲ့...
မောင်ကို...ထာဝရလွမ်းနေမယ်..မောင်......
˜º̶̶ƷʌuτuмиƸ̶º˜˜
Wednesday, 23 November 2011
MiXeD PoEmS
မောင်မေ.ကို
နှလုံးသားထဲက
လိုအပ်ခဲ.တာလားလို.မေးရင်
အဖြေက
4Ever..
မောင်မေ.ကို
တစ်ချိန်ချိန်မှာ
ထားသွားမှာလားလို.မေးရင်
အဖြေက
Never
မောင်.ဘ၀ကို
အဓိပါယ်ရှိစေတဲ.
တန်ဘိုးအရှိဆုံးအရာကို
မေးခဲ.ရင် အဖြေက
MAY
မောင်မေ.ကို
ထာဝရအတွက်
ရည်ရွယ်ခဲ.တာလားမေးရင်
အဖြေက
I DO ပါ....
ကောင်မလေးရေ..
ငါဟာနတ်သားတစ်ယောက်
ဖြစ်ခဲ.ရင်
မင်းအိမ်မက်တွေကို
ဖြည်.စည်းပေးနေမိမှာ
ဒါပေမယ်.
ငါဟာတစ်ကယ်တော.
မင်းကိုမြတ်နိုးစွာ
ချစ်နေမိတဲ
အညတြ ကောင်လေး
တစ်ယောက်မျှသာပါ.....
ငါဟာနတ်သားတစ်ယောက်
ဖြစ်ခဲ.ရင်
မင်းအိမ်မက်တွေကို
ဖြည်.စည်းပေးနေမိမှာ
ဒါပေမယ်.
ငါဟာတစ်ကယ်တော.
မင်းကိုမြတ်နိုးစွာ
ချစ်နေမိတဲ
အညတြ ကောင်လေး
တစ်ယောက်မျှသာပါ.....
I wRoTe YoUr NaMe
In ThE sAnD
bUt ThE wAvEs
WaShEd It AwAy,
ThEn I wRoTe It
In ThE sKy
BuT tHe WiNd
BlEw It AwAy,
So
I wRoTe It
In My HeArT
aNd ThAt'S wHeRe
It WiLl sTaY
In ThE sAnD
bUt ThE wAvEs
WaShEd It AwAy,
ThEn I wRoTe It
In ThE sKy
BuT tHe WiNd
BlEw It AwAy,
So
I wRoTe It
In My HeArT
aNd ThAt'S wHeRe
It WiLl sTaY
˜º̶̶ƷʌuτuмиƸ̶º˜˜
ချစ်ခင်ရပါသော ဘလော.ဂါ သူငယ်ချင်းများရှင့် ....အလုပ်တွေ
အရမ်းများနေတာက တကြောင်း ပြီးတော့ ခု ကျမနေတဲ့
အီဂျစ်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာက တစ်
ကြောင်းကြောင်. ပိုစ်လေးတွေ မတင်နိုင်တဲ.
အပြင် သူငယ်ချင်းတို.ဆီလဲ လာမလည်
နိုင်တာခွင်.လွှတ်ကြပါလို.
တောင်းပန်ပါရစေ။
( ပြီးတော. ကျမကိုလဲ ဆုတောင်းပေးကြပါ...အန္တရာယ် ကင်းအောင်လေ )
ချစ်ခင်ရပါသော ဘလော.ဂါ သူငယ်ချင်းများရှင့် ....အလုပ်တွေ
အရမ်းများနေတာက တကြောင်း ပြီးတော့ ခု ကျမနေတဲ့
အီဂျစ်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာက တစ်
ကြောင်းကြောင်. ပိုစ်လေးတွေ မတင်နိုင်တဲ.
အပြင် သူငယ်ချင်းတို.ဆီလဲ လာမလည်
နိုင်တာခွင်.လွှတ်ကြပါလို.
တောင်းပန်ပါရစေ။
( ပြီးတော. ကျမကိုလဲ ဆုတောင်းပေးကြပါ...အန္တရာယ် ကင်းအောင်လေ )
Friday, 11 November 2011
ကျေးဇူးပြုပြီး....

မပြောမိပါစေနဲ့
မင်းနှလုံးသားထဲက
ဆန္ဒမပါပဲနဲ့လေ
ချစ်တယ်လို့
မဆွေးနွေးမိပါစေနဲ့
ခံစားချက်တွေအကြောင်း
ငါ့အပေါ်မှာတစ်ကယ်ခံစားချက်မရှိပါပဲနဲ့
လွမ်းတယ်လို့
မတွဲမိပါစေနဲ့
ငါ့လက်ဖဝါးတွေကို
တစ်ချိန်ချိန်မှာ
မင်းပစ်သွားမယ်ဆိုရင်ပေါ့
မကြည့်မိပါစေနဲ့
ငါ့မျက်ဝန်းတွေထဲကိုလေ
ငါနဲ့ဆုံမယ့် မင်းမျက်လုံးတွေက
လိမ်ညာနေခဲ့ရင်ပေါ့
မင်းရင်ထဲကငါ့ကို
ထာဝရလို့ရည်ရွယ်ခဲ့ရင်ပေါ့
အတူကြိုးစားရအောင်လို့
ရိုးရိုးလေးပြောလိုက်ပါ
တစ်ဘဝလုံးအတွက်
ထာဝရလို့တော့မပြောလိုက်ပါနဲ့
အဲ့ဒီထာဝရဆိုတဲ့စကားလုံးက
ငါ့ကိုမျက်ရည်နဲ့ပဲ
အမြဲဇာတ်သိမ်းစေလို့ပါ.....
မင်းနှလုံးသားထဲက
ဆန္ဒမပါပဲနဲ့လေ
ချစ်တယ်လို့
မဆွေးနွေးမိပါစေနဲ့
ခံစားချက်တွေအကြောင်း
ငါ့အပေါ်မှာတစ်ကယ်ခံစားချက်မရှိပါပဲနဲ့
လွမ်းတယ်လို့
မတွဲမိပါစေနဲ့
ငါ့လက်ဖဝါးတွေကို
တစ်ချိန်ချိန်မှာ
မင်းပစ်သွားမယ်ဆိုရင်ပေါ့
မကြည့်မိပါစေနဲ့
ငါ့မျက်ဝန်းတွေထဲကိုလေ
ငါနဲ့ဆုံမယ့် မင်းမျက်လုံးတွေက
လိမ်ညာနေခဲ့ရင်ပေါ့
မင်းရင်ထဲကငါ့ကို
ထာဝရလို့ရည်ရွယ်ခဲ့ရင်ပေါ့
အတူကြိုးစားရအောင်လို့
ရိုးရိုးလေးပြောလိုက်ပါ
တစ်ဘဝလုံးအတွက်
ထာဝရလို့တော့မပြောလိုက်ပါနဲ့
အဲ့ဒီထာဝရဆိုတဲ့စကားလုံးက
ငါ့ကိုမျက်ရည်နဲ့ပဲ
အမြဲဇာတ်သိမ်းစေလို့ပါ.....
˜º̶̶ƷʌuτuмиƸ̶º˜˜
Wednesday, 9 November 2011
ကောင်းကင်ရဲ.ဒဏ္ဏာရီ

ကောင်းကင်လေးရေ..
မင်းရဲ့ဘဝလေးကိုအားကျမိတယ်ကွာ..
မင်းဟာအံ့သြစရာကောင်းလောက်အောင်
ပြီးပြည့်စုံနေလို့လေ....
မင်းရဲ့ရင်ခွင်မှာမြူးတူးပျော်ပါးနေကြတဲ့
တိမ်တိုက်လေးတွေကို...
မိုးစက်လေးတွေအဖြစ်ပြောင်းလဲပြီး
လောကကြီးစိမ်းလန်းအောင်
မင်းလုပ်ပေးတတ်တယ်..
မင်းရဲ့မှော်အတတ်နဲ့
ခုနှစ်ရောင်ခြယ်သက်တန့်လေးဖန်ဆင်းပြီး
လောကကိုအလှဆင်ပေးတယ်..
ငါတို့တွေကလဲ သက်တန့်လေးကိုကြည့်ပြီး
ပျော်မြူးကြတယ်လေ
ညရောက်ပြန်တော့လဲ
လောကကြီးအထီးမကျန်ရအောင်
လမင်းလေးကိုဖန်ဆင်းပြန်တယ်
ပြီးတော့ မင်းရဲ့ရင်ခွင်ထက်ကြယ်လေးတွေ
ဖြန့်ကျက်လိုက်တဲ့အခါ...
ညချမ်းလေးဟာ အေးမြပြည့်စုံသွားရတယ်
ကမ္ဘာလောကကြီး
အသက်ဝင်နိုးထဘို့အတွက်
မင်းကိုယ်မင်းစတေးလို့မင်းရဲ့ရင်ခွင်ထက်မှာ
ပူပြင်းတဲ့နေမင်းကြီးကိုဖန်ဆင်းလိုက်တဲ့အခါ
လောကတစ်ခုလုံးစည်းချက်ညီညီကခုန်ကြတော့တယ်..
မင်းကအဲ့ဒီလိုလဲ အနစ်နာခံတတ်သေးတယ်လေ..
ဘာပဲဖြစ်ဖြစ် ကောင်းကင်လေးရေ
ငါဆိုတဲ့ ဆောင်းဦးရာသီလေးဟာလဲ
မင်းဖန်ဆင်းပေးတဲ့အတွက်
လောကကိုအလှဆင်ခွင့်ရခဲ့တာလေ...
ကြည်နူးမိပါတယ်...မင်းအရိပ်အောက်မှာခိုလှုံခွင့်ရလို့လေ....
˜º̶̶ƷʌuτuмиƸ̶º˜˜
(ချစ်စွာသောတူလေးကောင်းကင်အတွက် )
Friday, 4 November 2011
သဘာဝ

အေးမြတဲ့ လရောင်ဟာ
ဘယ်လောက်ပင်ခမ်းနားနေလဲ
နေမင်းနဲ့တွေ့တဲ့အခါ
သူဟာညှိုးငယ်သွားရတယ်
နူးညံ့တဲ့ သစ်ခွဟာ
ဘယ်လောက်ပဲ သူ့အလှအတွက်
မာနတလူလူလွင့်နေလဲ
တော်ဝင်သဇင်နဲ့တွေ့တဲ့အခါ
သူ့အလှမာန်ချရတယ်
ဆူးတွေနဲ့ခြံရံထားတဲ့
ချစ်သူတွေရဲ့ သင်္ကေတ နှင်းဆီဟာ
ဘယ်လိုပင် အလှမာန်ဝင့်နေလဲ
သစ္စာရှိတဲ့ပိတောက်နဲ့ တွေ့တဲ့အခါ
သူ့စံပြ အချစ်တွေဟာ တမဟုန်ချင်း
ငုတ်လျှိုးရတယ်
နွေးထွေးတဲ့ Spring ဟာ
လောကကို ဘယ်လိုပဲနွေးထွေးစေပေမယ့်
Summer နဲ့တွေ့တဲ့အခါ
သူ့ရဲ့နွေးထွေးတဲ့ရင်ခွင်
အငွေ့ပျံ လွင့်ပျယ်ခဲ့ရတယ်
ဒီလိုပါပဲချစ်သူ...
Autumn ဆိုတဲ့ငါဟာလဲ
ဘယ်လောက်လောကကိုအေးမြစေပေမယ့်
Winter ဆိုတဲ့ဆောင်းရောက်တဲ့အခါ
ငါ့ရဲ့အေးမြမှုတွေက...
သူ့ခြေထောက်အောက်မှာ
ကွယ်ပျောက်ရတာသဘာဝပါ....
နေမင်းနဲ့တွေ့တဲ့အခါ
သူဟာညှိုးငယ်သွားရတယ်
နူးညံ့တဲ့ သစ်ခွဟာ
ဘယ်လောက်ပဲ သူ့အလှအတွက်
မာနတလူလူလွင့်နေလဲ
တော်ဝင်သဇင်နဲ့တွေ့တဲ့အခါ
သူ့အလှမာန်ချရတယ်
ဆူးတွေနဲ့ခြံရံထားတဲ့
ချစ်သူတွေရဲ့ သင်္ကေတ နှင်းဆီဟာ
ဘယ်လိုပင် အလှမာန်ဝင့်နေလဲ
သစ္စာရှိတဲ့ပိတောက်နဲ့ တွေ့တဲ့အခါ
သူ့စံပြ အချစ်တွေဟာ တမဟုန်ချင်း
ငုတ်လျှိုးရတယ်
နွေးထွေးတဲ့ Spring ဟာ
လောကကို ဘယ်လိုပဲနွေးထွေးစေပေမယ့်
Summer နဲ့တွေ့တဲ့အခါ
သူ့ရဲ့နွေးထွေးတဲ့ရင်ခွင်
အငွေ့ပျံ လွင့်ပျယ်ခဲ့ရတယ်
ဒီလိုပါပဲချစ်သူ...
Autumn ဆိုတဲ့ငါဟာလဲ
ဘယ်လောက်လောကကိုအေးမြစေပေမယ့်
Winter ဆိုတဲ့ဆောင်းရောက်တဲ့အခါ
ငါ့ရဲ့အေးမြမှုတွေက...
သူ့ခြေထောက်အောက်မှာ
ကွယ်ပျောက်ရတာသဘာဝပါ....
˜º̶̶ƷʌuτuмиƸ̶º˜˜
Thursday, 27 October 2011
အမေ

ဟိုး....အနက်ရှိုင်းဆုံးရင်ထဲမှာ
ဘုရားသ္ခင်ရဲ့ နူးညံ့တဲ့နှလုံးသား....
အစဉ်ထာဝရ...တိတ်ဆိတ်စွာ
ကိန်းအောင်းနေတဲ့အမေ။
အိုမင်း ပေမယ့်လည်း
အေးမြနေဆဲ အမေ့ရဲ့အပြုံး...
ဇယာရိပ်တွေနဲ့ ရီဝေနေပေမယ့်
သားသမီးကိုကြည့်တဲ့
အကြည့်တွေမှာတော့
အေးမြတဲ့မေတ္တာတွေ အချစ်တွေနဲ့
တောက်ပနေတဲ့ အမေ့ရဲ့မျက်လုံး။
သားသမီးတွေဆိုးသမျှကို
ရင်နဲ့ရင်းပြီး ခွင့်လွှတ်နိုင်တဲ့
နက်ရှိုင်းတဲ့မေတ္တာနဲ့
အဖြူစင်ဆုံးနှလုံးသားပိုင်ရှင်အမေ။
အမေ့ရဲ့မေတ္တာတစ်ခုထဲကပါ
ကျွန်တော်တို့ရဲ့ မျက်ရည်တွေကို
နားလည်ခဲ့တာ..
အားငယ်စိတ်တွေကို နှစ်သိမ့်စေတာ
ကြောက်စိတ်တွေကိုငြိမ်းအေးစေတာ..ပြီးတော့
ကျွန်တော်တို့ရဲ့ အိမ်မက်တွေကို..
ရအောင် အကောင်အထည်ဖော်ပေးတတ်တာ။
အမေပေးတဲ့သားအပေါ်ယုံကြည်မှုက
သားရဲ့ဘဝလမ်းကြောင်းကို
ကိုယ်တိုင်ရှာဖွေစေတယ်..
ကိုယ့်ကိုယ်ကို အားကိုးအောင်
လှုံ့ဆော်ပေးတယ်အမေ...
အမေ့ရဲ့နှလုံး အမေ့ရဲ့ဂရုဏာ
အမေ့ရဲ့အကြင်နာ အမေ့ရဲ့အားအင်
အမေ့ရဲ့နွေးထွေးတဲ့အပြုံး
အမေ့ရဲ့တည်ငြိမ် မှု...
အာလုံးဟာ ဘုရားသ္ခင်ဖန်ဆင်းပေးတဲ့
သားအတွက် လက်ဆောင်ပါ..
အမေ့ကိုရတာကျွန်တော်ကံကောင်းတာပါအမေ....
အစဉ်မပြတ် ရှိခိုးဦးညွှတ်လျှက်ပါ.......
ဘုရားသ္ခင်ရဲ့ နူးညံ့တဲ့နှလုံးသား....
အစဉ်ထာဝရ...တိတ်ဆိတ်စွာ
ကိန်းအောင်းနေတဲ့အမေ။
အိုမင်း ပေမယ့်လည်း
အေးမြနေဆဲ အမေ့ရဲ့အပြုံး...
ဇယာရိပ်တွေနဲ့ ရီဝေနေပေမယ့်
သားသမီးကိုကြည့်တဲ့
အကြည့်တွေမှာတော့
အေးမြတဲ့မေတ္တာတွေ အချစ်တွေနဲ့
တောက်ပနေတဲ့ အမေ့ရဲ့မျက်လုံး။
သားသမီးတွေဆိုးသမျှကို
ရင်နဲ့ရင်းပြီး ခွင့်လွှတ်နိုင်တဲ့
နက်ရှိုင်းတဲ့မေတ္တာနဲ့
အဖြူစင်ဆုံးနှလုံးသားပိုင်ရှင်အမေ။
အမေ့ရဲ့မေတ္တာတစ်ခုထဲကပါ
ကျွန်တော်တို့ရဲ့ မျက်ရည်တွေကို
နားလည်ခဲ့တာ..
အားငယ်စိတ်တွေကို နှစ်သိမ့်စေတာ
ကြောက်စိတ်တွေကိုငြိမ်းအေးစေတာ..ပြီးတော့
ကျွန်တော်တို့ရဲ့ အိမ်မက်တွေကို..
ရအောင် အကောင်အထည်ဖော်ပေးတတ်တာ။
အမေပေးတဲ့သားအပေါ်ယုံကြည်မှုက
သားရဲ့ဘဝလမ်းကြောင်းကို
ကိုယ်တိုင်ရှာဖွေစေတယ်..
ကိုယ့်ကိုယ်ကို အားကိုးအောင်
လှုံ့ဆော်ပေးတယ်အမေ...
အမေ့ရဲ့နှလုံး အမေ့ရဲ့ဂရုဏာ
အမေ့ရဲ့အကြင်နာ အမေ့ရဲ့အားအင်
အမေ့ရဲ့နွေးထွေးတဲ့အပြုံး
အမေ့ရဲ့တည်ငြိမ် မှု...
အာလုံးဟာ ဘုရားသ္ခင်ဖန်ဆင်းပေးတဲ့
သားအတွက် လက်ဆောင်ပါ..
အမေ့ကိုရတာကျွန်တော်ကံကောင်းတာပါအမေ....
အစဉ်မပြတ် ရှိခိုးဦးညွှတ်လျှက်ပါ.......
˜º̶̶ƷʌuτuмиƸ̶º˜˜
Sunday, 23 October 2011
မြို့ဟောင်း......
ငါ့ကိုအားလုံးက ၀ိုင်းတားကြတယ်....
အဲဒီမြို့ ဟောင်းကြီးထဲကို မဝင်ပါနဲ့ ...
မင်းအတွက် ဆွေးမြေ့နေတဲ့ အချစ်နဲ့
အလွမ်းတေး တွေပဲ ရှိနေမှာပါတဲ့
ဒါပေမယ့် ချစ်သူ
ရှေ့မှာ ခရောင်းလမ်းတွေ
ရှိနေရင်လည်း...မတားပါနဲ့..
ရှိနေရင်လည်း...မတားပါနဲ့..
ဆူးတွေ ခင်းထားရင်တောင်..
အချစ်တွေ သယ်ဆောင်လာခဲ့အုန်းမှာပါ
ကောင်းကင်က နတ်ဘုရားတွေ
ငါ့ကို ဆင်းတားစမ်းပါစေ
အဲ့ဒီလမ်းကို ဘဲတစ်ဘဝလုံးစာ အတွက်
ရွေးချယ်သွားပါရစေ ချစ်သူ..
ငါရှောင်ဖယ် သွားမှာ မဟုတ်ဘူး
ယုံကြည်ချက်
အလင်းတန်း တွေကို
ဆုပ်ကိုင်လို့ ဒို့နှစ်ယောက် အတွက်
လှပတဲ့ အနာဂတ်သစ် တွေနဲ့အတူ
ငါရှောင်ဖယ် သွားမှာ မဟုတ်ဘူး
ယုံကြည်ချက်
အလင်းတန်း တွေကို
ဆုပ်ကိုင်လို့ ဒို့နှစ်ယောက် အတွက်
လှပတဲ့ အနာဂတ်သစ် တွေနဲ့အတူ
ငါလှော်ခတ်လို့ မင်းဆီကို
အရောက် လာခဲ့မယ် ချစ်သူ......
အရောက် လာခဲ့မယ် ချစ်သူ......
˜º̶̶ƷMTSMTZƸ̶º˜˜
Subscribe to:
Posts (Atom)







