Thursday 29 August 2013

မေးပါရစေ မျိုးချစ်တို့ရေ...






ကမ္ဘာမြေမှာ ခိုလှုံစရာ ခေါ်ဆိုတဲ့အိမ်...
ရံရွေအလည်ထည်ဝါစွာ ဆင်စွယ်နန်းအိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်....
နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်...။

အဝေးဆီက တေးသံလေးတစ်ပိုင်းတစ်စ
 အိမ်.... ဟုတ်တယ်  ... အဲ့ဒီ အိမ်ဆိုတာလေးအတွက်
ကျမတို့ လောကဓံကို ခါးစည်းရုန်းကန်ခဲ့ရတယ်....
အဲဒီအိမ်ဆိုတာလေးကို ပိုင်ဆိုင်ဖို့အတွက်
ကျမတို့ဘဝရဲ့အချိန်တွေကို
 နှစ်မြှုတ်ပေးဆပ် ရုန်းကန်ခဲ့ရတယ်...
အဲဒီအိမ်ဆိုတာလေးမှာ ကျမတို့မိသားစုလေး
ပျော်ရွှင်ကြည်နူးခဲ့ကြဖူး တယ်... ။

အဲဒီအိမ်ဆိုတာလေးမှာ
အိမ့်ဆည်းလည်း…..သားကလေး
ပျော်ရွှင်စွာဆော့ကစားနေ နေခဲ့တယ်.......
အရာရာဟာ အဲ့ဒီအိမ်မှာပဲ ပြီးပြည့်စုံပြီး လှပခဲ့တယ်... ။

ကြမ္မာ မုန်တိုင်း ကြမ်း အ၀င်
ကျမတို့ ဘာသာဝင် အစွန်းရောက် တွေကစ
သူခိုးကိုဓါးရိုးကမ်း…. အမေကျော်ဒွေးတော်လွမ်းလို့
မိခင်မြေကို…. အပိုင်းပိုင်း ဖဲ့ဖို့ကြံ
အကြမ်းဖက် ကျူးကျော်သူတွေဖက် မားမားရပ်
သမိုင်းလိမ်တွေကို မီးမောင်းထိုး
သစ္စာမဲ့မှုတွေအတန်တန်ကျူးလို့
အကြမ်းဖက်မှုကိုထောက်ခံ..
ဂျီဟတ်မယ် တကဲကဲလုပ်ရာက စခဲ့တာပေါ့…။


 တစ်နေ့..... အဲ့ဒီတစ်နေ့ဟာ
ကျမတို့မိသားစုရဲ့ ကမ္ဘာပျက်တဲ့နေ့...
 လောကလူသားတွေကြား လူ့ငရဲသားတွေ
ဝင်ရောက်ဆိုးသွမ်း  ဆူညံသံတွေမင်းမူ...
တရားဥပဒေဆိုတာကြီးက ပျောက်ကွယ်..
အကြင်နာတရားဆိုတာ နတ္ထိ...
စဉ်းစားတွေခေါ်မှုဘယ်မရှိတဲ့
သွေးဆာနေတဲ့ လူ့ငရဲသားတွေကြီးစိုး...
 သူတို့ပါးစပ်က ထွက်ကျလာတဲ့စကား
အမျိုး ဘာသာ သာသနာတဲ့...
သူတို့ ရဲ့အပြုအမူတွေကတော့
စကားလုံးတွေနဲ့ ပီဘိဆန့်ကျင်....
ရက်စက်ကြမ်းကြုတ်မှုတွေ ပျော်ပျော်ကြီးဆင်နွှဲ
ဘာသာခြားအိမ်တွေ မီးတင်ရှို့သတဲ့လေ.... ။

ကျမတို့ရဲ့  ဂေဟာကလေးဆီ
မျက်ရည်တွေကြားက ငေးကြည့်မိ
ဝါးမြိုနေတဲ့ မီးတောက် တွေက ကျမကို ပျက်ရယ်ပြု
အသည်းနာစရာပင်ကောင်းလိုက်ပါဘိတော့.... ။


ဘိုးဘေးကစလို့ အခြေချခဲ့တဲ့ဒီမြေ နဲ့ဒီရေ
ဘာသာစုံ တိုင်းရင်သားစုံ အေးအတူ ပူအမျှ
စနစ်ဆိုး ရဲ့လက်အောက်မှာ သေအတူရှင်မကွာ
တစ်ဦးကိုတစ်ဦးဖေးမ သွေးစည်းမှုတွေနဲ့စည်းရိုးကာ
မေတ္တာတရားရဲ့ အသီးအပွင့်ကို စား
ဗြဟ္မစိုတရား လေးပါးကို ဦးထိပ်ထား
ဗုဒ္ဓဘာသာဝင်တို့ အများဆုံးရှိရာမြေ….။

ထေရ၀ါဒ နိုင်ငံရယ်လို့….. အာရှအလယ်မှာလက်မထောင်
ကမ္ဘာက အသိမ်မွေ့ဆုံးသာသနာရယ်လို့
သတ်မှတ်ခံခဲ့ရတဲ့ ဘာသာဝင်တွေ
အဓမ္မကို ဓမ္မနဲ့ပဲတုန့်ပြန်ရမယ်လို့
မြတ်ဗုဒ္ဓတားမြစ်ချက် လိုက်နာကျင့်သုံး နေတဲ့စံပြနိုင်ငံ
ဘယ်တုန်းကမှ အခုလို လူမဆန်တဲ့အလုပ်
လုပ်ကြဖို့ တိုက်တွန်းသံ မကြားခဲ့စဖူး....
ခရီးသွားဟန်လွှဲသူတို့တရားဟောပွဲက
အသံတွေ ကြားဖူးပါရဲ့....
တစ်ခါဖူးမျှ အကြမ်းဖက်ဖို့တိုက်တွန်းတဲ့တရား
 မကြားဖူးခဲ့တဲ့ နိုင်ငံ…..
လူ့ငနွား လူ့ငရဲသားတွေလိုလည်း
ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့လုပ်ရပ်များကို
ကိုယ်တိုင်ပြုကြဖို့ဝေးစွ အားမျှပင်မပေးခဲ့ကြဖူးတဲ့သာသနာဝင်တွေ
အခုမှ ဘယ်လိုဖြစ်ကြတာလဲဟင်…။

ခုတော့ တစ်ခါဖူးမှ မကြားဖူးတဲ့ စကားလုံးတွေနဲ့
သူတို့ကိုယ်သူတို့ အမျိုး ဘာသာ သာသနာ
ကာကွယ် စောင့်ရှောက်သူ လို့ဟစ်ကြွေး
ကျမတို့အိမ်ကလေးကို မီးတင်ရှို့သွားခဲ့ကြတယ်လေ
သစ္စာမဲ့သူတို့ အတွက်
ငါ တို့ ကို အပြစ်ပေး တယ်တဲ့လား….။

အနာဂတ်ပျောက်သွားတဲ့ ငါ့ရဲ့ရင်သွေး 
 နေစရာမဲ့သွားတဲ့ မိသားစု… (ငါတစ်ယောက်ထဲမဟုတ်ဖူး)
ဆွဲစရာ ခွက်တောင် မကျန်တော့တဲ့ ဘ၀တွေ
မီးစာ ကုန်ချိန်မှ သုည ဘ၀ ရောက်ရတဲ့ မိဘ
ဒါတွေ အတွက်…
မြတ်ဗုဒ္ဓ တရားတော်နဲ့ အညီ
ရှင်တို့ ဘ၀ဆက်တိုင်း ပေးဆပ်ကြပေါ့…..။


 ရှင်တို့တွေကို တစ်ခုပဲမေးလိုက်ချင်တယ်....
အမျိုး ဘာသာ သာသနာစောင့်တို့ရေ
အမျိုးသားရေးအော်ပြီးတော့ တိုင်းပြည်ကို
ဖျက်လို့ဖျက်နေမိမှန်းကို ရှင်တို့သိကောသိကြရဲ့လား… ဟင်
 ရှင်တို့ကြောင့် ကျမတို့သိနားလည်ထားတဲ့
ရှင်တို့ဘာသာဝင်တွေရဲ့ မေတ္တာတရား…
စာနာနားလည်စိတ် ချစ်ခင်ကြင်နာစိတ်ဆိုတဲ့
နာမည်ကောင်းတွေမှာ နာမည်ဆိုးတွေ
အမည်းစက်တွေ စွန်းထင်းကုန်ကြပြီဆိုတာကို
ရှင်တို့သိမှသိကြရဲ့လား... ကိုရွှေမြန်မာမျိုးချစ်တို့ရယ်….. ????????


˜º̶̶ƷʌuτuмиƸ̶º˜˜

No comments:

Post a Comment