Showing posts with label အမှတ်တရကဏ္ဍ. Show all posts
Showing posts with label အမှတ်တရကဏ္ဍ. Show all posts

Thursday, 13 February 2014

အမှတ်တရ



 ဒီနေ့နူးအတွက် ...
မောင်နှမတွေမှပို့သော လက်ဆောင်များမှ
နူး အကြိုက်ဆုံးးးး လက်ဆောင်လေး...
.........နှလုံးသားယုတ်သူမဖတ်ရ............


ဘုရားတပည့်တော်သည်.. ညီမလေး အပေါ် ပစ္စုပ္ပန်မှာလည်း နွေးထွေးစွာ ဖေးမမယ်။ အနာဂတ်မှာလည်း ညီမလေး ဘက်မှာ အမြဲရပ်ပါ့မယ်။ ရမ္မက်မပါ အဆုံးမဲ့ မေတ္တာတွေနဲ့ စောင့်ရှောက်မယ် ။ အသက် ထက်မြတ်နိုးမယ်။ ဘ၀ထက် တန်ဖိုးထားပါ့မယ်။ အားငယ်မှုတွေကို နှင်ထုတ် ပစ်ပါ ကျန်းမာရေးကို ဂရိုစိုက်ပါ။ ညီမလေး အပေါ်မှာ ခံစားမိသလိုမျိုး ဖြူစင်သော ခံစား ချက်များ ဖြူစင် သန့်ရှင်းသော မေတ္တာများဖြင့် ခမ်းကြီး ခမ်းနား မေတ္တာစကားများကို တစ်စုံတစ်ယောက်ကိုမျှ မပြောခဲ့ပါ မပြောပါ။.. အကယ်၍ ပြောသည်ဖြစ်အံ့ နောက်ဘုရားနဲ့လွှဲပါစေဗျာ .ပြောတိုင်းတည်ငြားအံ့... မှန်ငြားအံ့ အကွေ့အကောက်မရှိ လောကအပြစ် ဓမ္မအပြစ် ကင်းရှင်းစွာဖြင့် ရှေးရှေး အလောင်းတော်များ သူတော်ကောင်းများကဲ့သို့ ကျုပ် ညီမလေး နဲ့ ဒီဘ၀မှာလည်း ညီညွှတ်စွာ အားတင်းပြီး ခိုင်မာတဲ့ ဘ၀သင်္ဘောကြီးတစ်ခု တည်ဆောက်ကြရပါလို ၏။ ကျုပ်တို့လောက် ခရီးမရောက်သေးတဲ့ သူတွေကို ဖေးမ ကြရပါလို၏ စိတ်ပျက် အားငယ်နေကြတဲ့ ဘ၀အဖုံဖုံက ညီငယ် ညီမငယ်၊ မယ်မယ် ဘိုးဘိုး ၊ မေမေဖေဖေတွေ ကို ကူညီကြရပါလို၏။ ညီမလေးနှင့် အတူလက်တွဲပြီး ဘ၀ကို လောကအတွက် ပေးဆပ်ကြရပါလို၏ ..ဘ၀ဆက်တိုင်း ပါရမီ ဆယ် ပါး ဖြည့်ကျက်ဘက် အမှန်စစ်စစ် ဖြစ်ရပါလို၏ဘုရား နောက်ဘုရားရှင်ကို လည်း ကောင်းစွာကျန ဖူးတွေ့ရပါလို၏ဘုရား............

Friday, 17 January 2014

လမ်းပြကြယ်လေးတပွင့်




နူးအကိုကြီး ... ကိုမျိုးနိုင် တစ်ချိန်က နူးအတွက်ရေးပေးတဲ့ကဗျာလေးပါ....

Ko Naing

ကမ်းမမြင်လမ်းမမြင်
ကူးခပ်နေစဉ်အခါ
ကောင်းကင်ကကြယ်လေး
သူ... လမ်းပြတယ် ။

ကြယ်လေးက
ကျနော့်ဘဝလဲ
ထို့အတူပါဘဲ
စာမတတ်ပေမတတ်
အပေါင်းအသင်းကမရှိ
ဥာဏ်ကနည်းကံကမွဲ
ထူထူထဲထဲ အအတတ
လူ့ဗာလလေးကို ။

သူ
လမ်းပြကြယ်လေးက
အလင်းရောင်တွေပေး
ဥာဏ်ကောင်းဆေးတွေတိုက်
မိုက်နေတဲ့အသိတွေကိုဖွင့်
လူရာတင့်စေဖို့ကူညီ
အပေါင်းအသင်းစုံညီအောင်
မိတ်ကောင်းဆွေညာကိုပေး 
 ညီ,အကို မောင်,နှမတွေဖွဲ့လျှက်
အားတတ်စေဖို့တိုက်တွန်း
ရင်တွင်းမှာကြည်နူးမိ

ကုသိုလ်အသိတွေတိုးပွား
ရိုးရိုးသားသားကျနော်ပြောမယ်
နွေးထွေးလက်ပိုင်ရှင်အားလုံးကို
လေးစားပါတယ် ခင်မင်ပါတယ်
အညာကတောသား ကျနော်
အမေပေးထားတာက မျိုးနိုင်

နွေးထွေးလက်မှာက ကိုကိုနိုင်
အခု ကိုနိုင်ဆိုတာလဲ အဲ ကျနော်

ဘုရားပုံတော်လေး
















ကျမဒီအလုပ်လေးကိုစရောက်တာ .... ၂၀၁၁ ဧပြီလကပေါ့ ကျမ သူထေး ရဲ့ယောက္ခမက သူ့ကျောင်းအတွက်ကျမကို လိုအပ်တယ်ဆိုပြီး သူထေးဆီကတောင်းယူခဲ့လိုရောက်လာရတာ။ သူကအသက် ၆၀ကျော် အဖွားကြီးပေါ့ ။

သူ့နာမည် အားလီယာတဲ့ ကျမသူငယ်ချင်း သူထေးထက်ကျမကို ပိုချစ်တာပေါ့ သမီးလေး တစ်ယောက် လိုပဲ အရာရာအစစ လွှဲထားတာ သူမှာသမီးသုံးယောက် သားတစ်ယောက်ရှိတယ် ရာစင် ဆယ်လမာ အေမန်း ရက်စမင်းတဲ့ သူ့ကျောင်းလေးမှာ စာပြနေရာကနေ နောက်ပိုင်း သူ့ရဲ့လူယုံလို သဘောထား လာတာ သူ့တစ်အိမ်လုံးသော့ကိုင်ပေါ့ ဒီအတွက်သူ့သမီး အိမ်ထောင်သည် ( ၃ ) ယောက်က ကျမကိုတအားမုန်းတာ လုံးဝကြည့်မရဖူးလေ။ ဒီလိုနဲ့တစ်နှစ်ခွဲတိတိ ကြာလာတဲ့ တစ်နေ့မှာပေါ့ ...

သမီး ကြာသပတေးည ငါတို့လင်မယား အိမ်ထောင်သက် ( ၅၁)နှစ်ပြည့် အိမ်မှာဒင်နာရှိတယ် ။ မင်းလာခဲ့နော် ....။

ဟုတ်။ လာရမှာပေါ့ မလာလို့ရမှာလား ။လိုတာအားလုံးစီစဉ်ပေးမယ်နော် မာမား လို့ပြောလိုက်တယ်။

ဒါနဲ့ ကြာသပတေးညနေ ကျောင်းအပြန်မှာ ကျောင်းရဲ့ ခြံဝင်း ( ၄ ) ခုကျော်မှာရှိတဲ့ သူထေး အိမ်ရဲ့ မြေအောက်ထပ် အခမ်းနားဆုံး ဧည့်ခန်းမကြီးကို ပထမဆုံး အကြိမ် ရောက်လာခဲ့တယ် ။ လှလိုက်တာ ခမ်းနားလိုက်တာ မပြောပါနဲ့တော့ ။

သူမိတ်ဆက်ပေးတဲ့တစ်ချို့ဆရာမတွေနဲ့စကားပြော သူ့သမီးတွေနဲ့ စနူကာ ထိုးနေရင် သန့်စင်ခန်းသွား ချင်တာနဲ့ ဧည့်သည်များသန့်စင်ခန်းကိုသွားတာပေါ့ ။

သန့်စင်ခန်းက တိုက်ခန်း တစ်ခန်း စာလောက်ကို ကျယ်တာ သန့်စင်ခန်းထဲမှာ မှန်ကြည့်  လက်ဆေး ခရစ်စတယ် ပန်းအိုးတွေလိုက်ကြည့်ရင်း အမှတ်မထင် ဗိုလ်ထိုင် ဘေးက ကြမ်းပြင်ထောင့်မှာ အလှချ ထားတဲ့ မဲမဲ အရာလေး တစ်ခုကိုအမြင်မှာ လူတောင်မိုက်ခနဲဖြစ်ပြီး မျက်လုံးတွေ ပြာတက်လာခဲ့တယ် ။

ထုံးစံအတိုင်း ဘယ်လိုမှ သုံးစားလို့မရတဲ့ ဆိုးမှန်းသိရက်နဲ့မထိန်းနိုင်တဲ့ ဒေါသဆိုတဲ့ မီးတောက်ကြီးဖြစ် လာပြီး တစ်ကိုယ်လုံးတုန်လာတယ် ရော။ ဘာမှမပြောမဆို ဒရိုင်ဘာကိုလဲ မခေါ်တော့ပဲ တစ်ယောက် ထဲ ပြန်လာ ခဲ့တယ် ။

တစ်ကယ်ဆို ကျောင်းနဲ့သူထေးအိမ် ရှိနေတဲ့ နေရာ က တောင်ကုန်းတစ်ခုပေါ်မှာ ပါ တောင်ခြေ ကိုခြေထောက်နဲ့ဆင်းရင်အနဲဆုံး တစ်နာရီခွဲကြာတာ ကိုယ်ပိုင်ကား မရှိရင်သွားမရဖူးလေ ။

သူထေးလဲ ကျမပျောက်သွားတာနဲ့ ပျာယာတွေခတ် ဒရိုင်ဘာကလဲ လိုက်ရှာတာမတွေ့ ဖုန်းလဲခေါ်လို့ မရနဲ့  အားလုံးသောကတွေရောက်နေရတာပေါ့ ။

ဒီလိုနဲ့ တနင်္ဂနွေကျောင်းပြန်ဖွင့် ကျောင်းရောက်တော့ ၀ိုင်းဆူ ၀ိုင်းမေးကြတာပေါ့ ဘာဖစ်တာလဲတဲ့ ဘာမှမဖြစ်ပါဖူးပဲဖြေလိုက်တယ်...။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်မှ သူထေးအိမ်မသွားတော့ဖူး သွားရဖို့ အကြောင်းဖန်လာလဲ အလုပ်ပါထွက်မယ်ပြောတာ ..။

ဒါနဲ့တစ်နေ့ သူထေးဆေးရုံတင်ရရော ... လက်ပြင်ကျောညပ်တာ ထုတ်မရတော့လို့ ခွဲစိတ်ရတယ် ။ ဒါကနာရေးလဲဖစ်နေတယ် မသွားလို့ကလဲမကောင်းတော့ သွားရတော့တာပေါ့ ။သူထေး နဲ့သူ့ယောက်ျား ကလဲ ဘာလို့သူ့အိမ်ကို အလှူနေ့ပြီးထဲက ခါးခါးသီးမလာချင်တာလဲသိချင်နေတာ။

သူထေးအိမ်ရောက်တော့ သူထေးကိုသတင်းမေး လိုအပ်တာလေးတွေလုပ်ပေး အိမ်သာတည် အ၀တ်လဲ လုပ်ပေးပြီး စိတ်က မနေနိုင်ပြန်ဖူး ဧည့်သည် သန့်စင်ခန်းကိုသွားချင်လာတယ်။ အဲ့တာနဲ့ သန့်စင်ခန်း သွားပြီး ဘိုထိုင် နားကကြမ်းပြင်က ငွေဗန်းထဲမှာထည့်ထားတဲ့ အရာလေးဘေးမှာ ပုဆစ်တုတ်ထိုင်ပြီး ဒီအရုပ်လေးကို ပါးနဲ့ပွတ်ပြီး ထပြန်လာခဲ့တယ်။ပြီးတော့ သူထေးအိမ်က ပြန်လာတာပေါ့။


ဒီလိုနဲ့သူထေးက နေပြန်ကောင်းလာပြီးတစ်နေ့ မြို့ထဲမှာဈေးဝယ်သွားစရာရှိတာ လိုက်ခဲ့ပါလို့ပြောတာနဲ့ လိုက်သွားတာ သူက ကျောင်းကနေ သူ့အိမ်မှာတခုခုမေ့ ကျန်ခဲ့လို့ဆိုပြီး ခေါ်သွားတယ် ။

နုးလဲငြင်းချိန် မရလိုက်တော့ ဖူး ။ ဒါနဲ့သူ့ယောက်ျားက ...ဟေးသမီး လာပါအုန်း ပါးပီ သမီးကိုပြစရာရှိ တယ်လို့ပြော တာနဲ့  သူ့ဧည့်ခန်းမှာခနထိုင်တော့ ...သူ့မိန်းမ သူထေးမပါ ဘေးနားလာထိုင်တယ် ပြီးတော့ ဗွီဒီအိုလေးဖွင့်ပြတယ် ...

ဟာ .... သန့်စင်ခန်း  ပြီးတော့ ဘိုထိုင်နား ကြမ်းပြင်က ရှေးဟောင်းဘုရားခေါင်း ဆင်းတုလေး ပြီးတော့ သန့်စင်ခန်းထဲကို ဂျင်းဘောင်းဘီ ၊ ရှပ်လက်ရှည်နဲ့ ၀င်လာတဲ့ မိန်းခလေး ပြီးတော့  ဘုရားခေါင်း ပုံလေးဘေးမှာ ကျုံ့ကျုံ့လေးထိုင်းပြီး ဘုရားရဲ့သင်းကျစ်တော်ကိုပါးနဲ့ပွတ်ပြီး ငိုနေပုံ ပြီးတော့ ဘုရားခေါင်းလေးကို အသာလေးမ ခုံပေါ်တင်ပြီး ကြမ်းပြင်မှာထိုင် ဦးသုံးကြိမ်ချ ပြီးတော့ မျက်နှာ သစ် ပြန်ထွက်လာပုံ အစအဆုံး CCTV ဖိုင်လေး။

ဆောရီး ... လို့ပြောပြီး ကျမ ၀ဲနေတဲ့ မျက်ရည်ကိုသိမ်းလိုက်တယ် ...။

ငါတို့ဘ၀မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲသမီး ။ နူးညံ့တယ် သိမ်မွေ့တယ် ပြီးတော့ ဒီဟာကိုတွေ့တဲ့အတွက်ရန်လဲမလုပ်ဖူး တိတ်တိတ်လေးရှိခိုးသွားတယ်။
အိမ်သာထဲက ဘုရားကိုရိုရိုသေသေ ရှိခိုးဖို့ ၀န်မလေးဖူး ။ ဒီနေရာမှာငါတို့ဘာသာတွေဆို မရဖူးတဲ့။

ဒီတော့ သမီးရယ် ဒီဘုရားပုံလေးကို တရားဝင်ဧည့်ခန်းမှာထားရင်လဲ တစ်ယောက်ယောက် မြင်ပြီး သွားတိုင်ရင် အန္တရာယ်ရှိတယ် ဒါကြောင့် မိသားစု ထမင်းစားခန်းက စင်လေးပေါ်မှာ တင်ထားပေးပါ့မယ့် .. ၀မ်းမနဲနဲ့တော်နော်တဲ့ .။ မျက်ရည်တွေ ကျပြီး ကျေးဇူး ကျေးဇူး ဆိုတာကို ဘယ်နှစ်ခေါက် လက်အုပ် ချီပြီးပြော မိမှန်းမသိလိုက်ဖူး။ ပြီးတော့ ဒီဘုရားပုံတော်လေး အတွက်ပဲ ဒီသူထေးဆီမှာ နောက်ထပ် ၂နှစ်တိတိ စာချုပ်ချုပ်ဆက်လုပ်ခဲ့တယ်။






Saturday, 9 March 2013

သစ်ခွမြတ်နိုးသူလေးတွက် ...

















နှစ်သစ်အတာ...









နှစ်သစ်ကူးထူးတဲ့ရာသီဖူးပွင့်ကြပိတောက်ဌာနီ

အတာရေသဘင် ... ဆင်ယင်နွှဲ ...မြူးခဲ.ကြသည် ...။

ပန်းပိတောက်တို.ဝေဆာ တလီ ...တန်ခူးလ ရဲ. မဟေသီ

ပျိုမဒီ... မြူးကြွလို.ရေတွေစိုကုန်ပြီ ...။

ကေသာမှဆင်မြန်းဖို. ...ပိတောက်ပန်းတခက်


မောင်ခူးလာမည်..။ ရင်ခွင်မှာပိုက်ထွေးဖို. ငု ပန်းတခက်

မောင်ခူးလာမည် ... သင်္ကြန်ချိန်ခါတော်မှီ...အပြုံးလေးနဲ.

မောင်လှမ်းခဲ.အတည်..ပိတောက်ပွင်.ရက် ..စောင်.ကြိုနေတော.မည်။

(မေအကြိုက်ဆုံးချိုပြုံးသီချင်းလေးပါ)



ပိတောက်တွေပွင်.တိုင်းပိတောက်ပင်ပေါ်ကိုယ်တိုင်တက်...

ပိတောက်ခိုင်တွေချိုးချ...အိမ်ကဘုရားတခုလုံးပိတောက်တွေနဲ.

မြုတ်နေစေခဲ.တာတွေကို အရမ်းလွမ်းရပါတယ် ....။

ပိတောက်ပင်ပေါ်မှာ...ထိုင်ပြီးသီချင်းအကျယ်ကြီးအော်ဆိုရတဲ.

အရသာကလဲ..ဘာနှင်.မှမလဲနိုင်အောင်စွဲမက်မိပါတယ်...။

ပိုတဲ.ပန်းခက်တွေကို .... သက်ကြီးရွယ်အိုတွေရှိတဲ.အိမ်တွေ

လိုက်ဝေပြီး...သူတို.ဘုရားစင်တွေမှာကိုယ်တိုင်တက်တင်ပေ

ခဲ.တာတွေလဲ မေ.မရပါဖူး.....။

မြန်မာပြည်လောက်လွမ်းစရာပေါတဲ.နေရာ .... ဘယ်နေရာများ

ရှိအုန်းမှာလဲရှင် ။



















Monday, 18 February 2013

ဗိုလ်ချုပ် မွေးနေ.အမှတ်တရ...





















 ဖေ့ဘွတ်ကသူငယ်ချင်းအားလုံးဆီကလိုက်ကူးလို့ရသမျှဗိုလ်ချုတ်ပုံတွေကိုအမှတ်တရတင်ပေးလိုက်ပါ
တယ်ရှင်။


https://www.youtube.com/watch?v=cIfpxnobYUE