အဖေတွေးကောင်းတွေးနေမိလိမ့်မယ်
အဖေသင်ပေးခဲ့တဲ့ဘဝသင်ခန်းစာတွေကို
ကျနော်နားမလည်ခဲ့ဘူး ဒါမှမဟုတ်
နားမထောင်ခဲ့ဘူးလို့ ...ဒါပေမယ့်အဖေ
စကားလုံးတိုင်းကိုကျနော်မှတ်မိနေခဲ့တယ်။
အဖေတွေးကောင်းတွေးလိမ့်မယ်
အဖေ့ရင်ခွင်ရဲ့အဝေးမှာကြီးပြင်းရတဲ့ကျွန်တော်ဟာ
အဖေ့ဆီကဘာမှမရလိုက်ဘူးလို့....ဒါပေမယ့်အဖေ
အဖေပေးခဲ့တာအားလုံးကို နှလုံးသားထဲမှာ
ရေးမှတ်သိမ်း ဆည်းထားခဲ့တာပါ။
ကျွန်တော့်ဘဝပင်လယ်ပြင်ကမီးပြတိုက်အဖေ
အဖေ့လမ်းပြမှုကြောင့်သာမဟုတ်ခဲ့ရင်
ဒီကနေ့ကျွန်တော်ဆိုတဲ့လူကောင်းတစ်ယောက်ဟာ
လောကမှာ ရှိလာမှာမဟုတ်ဘူးအဖေ။
အဖေဟာကျွန်တော့်နှလုံးသား
ကျွန်တော့်ဦးဏှောက် နဲ့ကျွန်တော့်ဘဝကို
ဘယ်သူ့ခြေဖဝါးအောက်မှမရောက်အောင်
သန်မာတဲ့အစိတ်အပိုင်းတွေအဖြစ်
တည် ဆောက်ပေးခဲ့တဲ့
ကျွန်တော့်ဘဝရဲ့ဗိသုကာပညာရှင်ပါ။
အဖေပေးတဲ့အရည်အသွေးတွေနဲ့
ကြီးပြင်းခဲ့တဲ့ကျွန်တော်
အဖေတူသားတယောက်ဖြစ်တာ
ဝင့်ကြွား ဂုဏ်ယူခဲ့တဲ့ကျနော်ဟာ
အဖေထာဝရဂုဏ်ယူနေရမယ့်
အဖေ့ရဲ့သားပါ..
တမလွန်ကအဖေကြားနိုင်ပါစေ။
˜º̶̶ƷʌuτuмиƸ̶º˜˜
ဘာမှရေးမထားဘူးနော်....လိုက် ကြည့် နေနဲ့ နော် ဟီးး တနားပါတရ်...။
ReplyDeleteအဖေကြားတယ်ငါ့သား..
ReplyDeleteအဖေ့ကိုချစ်ရင်.အဖေဆုံးမသလိုနေပါ
မိသားစုအကျိုး.တိုင်းပြည်အကျိုးကို
တတ်နိုင်သမျှ..စွန့်လွှတ်အနစ်နာခံပြီး
ကြိုးစားပါငါ့သား..အဖေကျေနပ်ပါတယ်
အဖေလည်း.ကောင်းရာသုဂတိမှာ.
နောက်တစ်ယောက်နဲ့..အဲလေ..
ငြိမ်းငြိမ်းချမ်းချမ်း.ရှိနေပါတယ်း)
ကဗျာလေးက..အရမ်းကိုကောင်းပါတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေ။
မမြင်နိုင်တော့တဲ့ ဖခင်ရဲ့မေတ္တာ စေတနာတွေ ခံစားနိုင်ပါတယ် အော်တန်ရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကြည်နူးဝမ်းနည်းစရာ ကဗျာလေးပဲ..
ReplyDelete၁၀-တန်းအောင်စာရင်းထွက်ကတည်းက အောင်တန်တစ်ယောက် ပျောက်ချက်သားကောင်းနေပါတယ် အောင့်မေ့တာ။ လက်စသတ်တော့ အဖေကို တမ်းတနေတာကိုး...အော်တန်တစ်ယောက် စားဝင် အိပ်ပျော် နေကောင်းကျန်းမာပါစ....။
ReplyDeleteချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ငါ့သမီး.....
ReplyDeleteမမိုက်နဲ့ မန်ယူဘဲအားပေး........
:P
ဆရာမလေးရေ ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေနော်
ReplyDeleteခင်မင်လျှက်
မဒိုးကန်
yin htal ko hte tal ama yal..i miss my dad..
ReplyDeleteအဖေ ပို့ကဗျာလေး သဘောကျပါဒ၇် ကဗျာချစ်သူ
ReplyDeleteတားလဲ တားတားရဲ့ဖေဖေ့ကိုလွမ်းတယ်ဗျာ..................
ReplyDelete