Friday 4 November 2011

သဘာဝ



အေးမြတဲ့ လရောင်ဟာ
ဘယ်လောက်ပင်ခမ်းနားနေလဲ
နေမင်းနဲ့တွေ့တဲ့အခါ
သူဟာညှိုးငယ်သွားရတယ်

နူးညံ့တဲ့ သစ်ခွဟာ
ဘယ်လောက်ပဲ သူ့အလှအတွက်
မာနတလူလူလွင့်နေလဲ
တော်ဝင်သဇင်နဲ့တွေ့တဲ့အခါ
သူ့အလှမာန်ချရတယ်

ဆူးတွေနဲ့ခြံရံထားတဲ့
ချစ်သူတွေရဲ့ သင်္ကေတ နှင်းဆီဟာ
ဘယ်လိုပင် အလှမာန်ဝင့်နေလဲ
သစ္စာရှိတဲ့ပိတောက်နဲ့ တွေ့တဲ့အခါ
သူ့စံပြ အချစ်တွေဟာ တမဟုန်ချင်း
ငုတ်လျှိုးရတယ်

နွေးထွေးတဲ့ Spring ဟာ
လောကကို ဘယ်လိုပဲနွေးထွေးစေပေမယ့်
Summer နဲ့တွေ့တဲ့အခါ
သူ့ရဲ့နွေးထွေးတဲ့ရင်ခွင်
အငွေ့ပျံ လွင့်ပျယ်ခဲ့ရတယ်

ဒီလိုပါပဲချစ်သူ...
Autumn ဆိုတဲ့ငါဟာလဲ
ဘယ်လောက်လောကကိုအေးမြစေပေမယ့်
Winter ဆိုတဲ့ဆောင်းရောက်တဲ့အခါ
ငါ့ရဲ့အေးမြမှုတွေက...
သူ့ခြေထောက်အောက်မှာ
ကွယ်ပျောက်ရတာသဘာဝပါ....



˜º̶̶ƷʌuτuмиƸ̶º˜˜



12 comments:

  1. တကယ့်ကို ကဗျာကောင်းလေးပါပဲ
    အားပေးလျက်ပါ

    ReplyDelete
  2. ကဗျာလေးကိုခံစားဖတ်ခဲ့ပါတယ်

    ReplyDelete
  3. ရာသီကို စာချီတဲ့ ကဗျာလှလှလေးပဲ...
    ခံစားအားပေးလျှက်...

    ReplyDelete
  4. သမီးရေ..း)
    နောက်ဆုံးပိုဒ်က..တစ်မျိုးပါလားကွယ်းP
    ချစ်ခင်လျှက်
    သမီးစံ

    ReplyDelete
  5. ဟန်ကြည်5 November 2011 at 14:18

    အခုမှပဲ ရောက်ဖြစ်တော့တယ်...ကဗျာကောင်းလေးပဲ...အတွေးလှလှနဲ့...

    ReplyDelete
  6. ကိုယ့်ရဲ့အေးချမ်းမူ့ကို ဘယ်သူ့ခြေအောက်မှ မရောက်စေနဲ့နော်..

    ReplyDelete
  7. မမ ရေ အနော် တော့ အေးချမ်းရင်
    ရေနွေူးကျမ်း နဲ့ လက္ဖက်သုပ်
    လေးပဲ သတိရ မိပါကြောင်း..း)p

    (ဒုတိယ)

    ReplyDelete
  8. လွန်ဆန်လို့မရတဲ့ သဘာဝတရားကို လူသားအားလုံး နားလည် လက်ခံသင့်တာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. အတွေးတွေကောင်းတယ်နော်..အရမ်းလွမ်းနေလား..
    အလွမ်းတွေကိုအတွေးတွေနဲ့အတူတူ..အတိတ်မှာထားခဲ့ပါ...
    ပျော်ရွှင်ဖို့တွက်ရင်းနှီးထားတာတွေ..အလကားဖြစ်ကုန်မယ်အမရယ်...



    ပျော်ရွှင်ပါစေ...
    ఆlwantalఆ

    ReplyDelete
  10. nice post & so lovely blog page !
    keep go-on writing.....:)

    ReplyDelete
  11. jan. 2012.4:00 pm
    အမမေ နာရောက်လာတယ်နော်

    ReplyDelete