ဒေါ်မြကြီးရေ....အန်တီမြ....အန်တီမြရှိလား....ကြီးမြ....
ဟဲ့ ဘယ်လိုဖြစ်နေကြတာတုန်းဟ....လာနေတယ်လေ..ခေါ်နေတာ
အသက်ကိုမရှူတော့ဘူး.... ဒီမှာ ထမင်းအိုးကြီးက တန်းလန်းနဲ့
ပြော ဘာတုန်းနင်တို့အုပ်စုလိုက် လာပြီးတော့.... နင်တို့ကို ငါပြော
မယ်နော်...မနက်ဖြန် ဘာသံမှမကြားချင်းဘူး......ဟိုကောင်..အိမ်က
ခွေးတဒေါင်းစားလေး နင်ဒီည အိမ်ပေါ်ကနေ အိမ်အောက်ဆင်းကြည့်
နင့်ခြေထောက်ရိုက်ချိုးမယ်.....
-အမေကလဲ....
-ကြီးမြကလဲ... နူနူး တို့က ဘာမှမလုပ်ကြပါဘူး....ဒီညကျီးမနိုးပွဲကို
အေးအေးဆေးဆေး လုပ်မလို့လေ.... ဒီနှစ် ကြီးမြတို့ မေမေတို့ အဆဲမခံစေရဘူး....သူများအိမ်တွေကလဲဘာမှမခိုးဘူးလေ...
ညကျရင် ကာလသားဟင်း ကိုယ့်ဖာသာချက်စားကြမှာကြီးမြရဲ့...
အဲ့တာကြောင့်တစ်အိမ်တက်ဆင်း အလှူလာခံကြတာ....အဟီးး
အလိုတော်..တော်တို့ကျီးမနိုးပွဲလုပ်ရအောင် ကျုပ်တို့က ပိုက်ဆံ
ထည့်ရအုန်းမယ်....ဟုတ်လား..
အမေကလဲ မနှစ်ကလို အဆဲခံရမှာ စိုးလို့ဟာကို...
ကြီးမြကလဲ ကိုယ့်သားကိုဖြင့် မနိုင်ပဲနဲ့ .....မေမေဆို ဟောကြည့် ဘာတစ်ခွန်းမှမပြောဘူး..ပေးလိုက်တာပဲ....တတ်နိုင်သလောက်..အမလေး..ဟဲ့မိတင်မြင့်ရေ..ကြားလား..တော့်သမီးပြောနေတာကို...
ပြောနေလဲ လေပဲကုန်မယ်အေ..သူတို့ကလုပ်ကြမှာ..တော်ဘာမှ
စကားရှည်မနေနဲ့တတ်နိုင်သလောက် ပေးလိုက်...အရှေ့အိမ်က
ကြက်ကုလားအမေ..ဒေါ်ငရုပ်သီးတောင်ဘာသံမှမကြားတာ
တော်က အမုန်းခံနေတယ်....
ဟုတ်တယ်..တစ်ရပ်ကွက်လုံးပြီးဘီ....ကြီးမြပဲကျန်တာ...ဟွန်း
ဂလိုနဲ့ အော်တန်တို့ ကျီးမနိုးပွဲအတွက်အလှူခံတဲ့ကိစ္စအောင်မြင်စွာ
ပြီးဆုံးခဲ့ပါတယ်...အော်တန့်အကျင့်ကလဲ နှစ်စဉ် သူခိုးကြီးညပြီး
နောက်တနေ့မိုးလင်းလို့ အိမ်ရှေ့မှာ အနဲဆုံး(၅)ယောက်လောက်
လာမဆဲရင်.. တနှစ်လုံး....နေမကောင်းဘူးရယ်....ဟိဟိ
အဲ့တာနဲ့ ညနေစောင်းလို့ အုတ်ခုံပေါ်မှာ သူငယ်ချင်းတွေ ထိုင်ပြီး
တိုင်ပင်နေကြတုန်း ချွတ်တီးအဖေ ရပ်ကွက်လူကြီးဦးထိန်လင်း
ဖြတ်သွားတာကြုံတော့ ဘဘဦးထိန်လင်းက.....သမီးပြူးစိလေး...ဒီနှစ်သမီးတို့ကျီးမနိုးပွဲလုပ်ဖို့အလှူလိုက်ခံကြ
တယ်ဆို..ပိုက်ဆံလောက်ကြရဲ့လား.....မလောက်ရင် ဘဘကို
ပြောကြနော်...မနှစ်ကလိုတော့ရ၀တ ရုံးမှာစောစောစီးစီးမရှင်း
ပါရစေနဲ့ကွာ.. ဘဘလဲ ညကျ တစ်ချက်လောက်လာကြည့်အုန်း
မှာပါ....
ဟုတ် ဘဘ ရာအိမ်တဂေါင်း.....ဘဘ ည ဥပုဒ်ထွက်ရင် စားဘို့နူနူး
တို့ ကာလသားဟင်းလာယူနော်..
ဟုတ်ပါဘီဗျာ..သာဓုပါ သာဓု သာဓု...
ကြုံတုန်း ပြောရအုန်းမယ်...အော်တန့်ကိုဆွေမျိုးတွေအားလုံးက
ပြူးစိလေးလို့ခေါ်တာ..မျက်စိပြူးလို့တဲ့ ကျမက ကိုယ်ဟာကိုယ်
နူနူး လို့သုံးတယ်လေ...ပြီးတော့ ရပ်ကွက်ထဲမှာကာလသားဂေါင်း
ရယ်... ကျောင်းပိတ်ရက် အိမ်ပြန်ရောက်ရင် ညည အိမ်ရှေ့မှာ
ကာလသားတွေနဲ့ ဂစ်တာတီးကြတာရော..အဲ့တာမေမေက
လုံးဝမကြိုက်ဘူး......
မိဘကိုဒုက္ခပေးတဲ့သမီး.....ညလဲအိပ်ကောင်း
ခြင်းမအိပ်ရ....ယောင်္ကျားလေးတရုန်းရုန်းဂစ်တာတဒေါင်ဒေါင်နဲ့......
ဘယ်ဘဝကဘာလုပ်မိလို့ဒီလိုသမီးမျိုးရလဲမသိပါဘူး....
မေမေကလဲ....အဲ့လိုမပြောပါနဲ့ တကယ်လို့ နူနူးသာတခြားအုတ်ခုံ
တွေမှာ ယောကျာင်္းလေးတရုန်းရုန်းနဲ့ညကြီးသန်းခေါင်....ဂစ်တာ
ရှောက်တီးလို့ တခုခုဖြစ်လာကြည့်စမ်း....မေမေရင်မကျိုးလား.....
သမီးလေး ဒီလောက် လိမ်မာတာကို....
အမလေးတော်.. အမလေး.. ကျေးဇူးပါတော်..အဲ့လိုလိမ်မာလို့..
တီးပါတော်တီးပါ...အိမ်ရှေ.မှာပဲ...ကျုပ်ပဲမှားတာပါ...ကြားလား
ဒေါ်မြရေ....တော့်ချွေးမပြောနေတာ.....
သူပြောတော့လဲဟုတ်သားအေ....မတော်တာတွေဖြစ်လာရင်
တော်ပဲရင်ကျိုးရမှာ....ပြီးတော့ဒီတရပ်ကွက်လုံးမှာ တက္ကသိုလ်
တက်တာ တော့သမီးတစ်ယောက်ထဲရှိတာရယ်...ကျုပ်တို့
သားတွေတောင်မိဘစကားထက် သူ့စကားဆို ပိုနားထောင်တာ....
ကျုပ်ပြောတာက မိန်းခလေးတန်မဲ့ကာလသားဂေါင်းလုပ်နေတာကို
ပြောတာအေ့.....
တော်ပြီ.....မပြောတော့ဘူး.....မေမေတို့ကိုယ့်သမီးနုနုထွတ်ထွတ်
လေးအတင်း ...ရပ်ကွက်ထဲ လျှောက်ပြောတာကို ....ပြီးမှာမဟုတ်
တော့ဘူး..စောနားကကျီးမနိုးပွဲကိုဆက်သွားအုံးမှ။
အဲ့တာနဲ့ ည(၁၀)နာရီ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ဆီ ရောက်တော့
ကြက်ရောင်းတဲ့ အိမ်မှာ ကြက်(၅)ကောင်ဝယ်မယ်ပေါ့ပိုက်ဆံ
တွက်နေတုန်း...ဒီကောင်တွေစဖောက်ကြတာ..
ဟေ့ရောင်...နူနူး ငါတို့ ဒီပိုက်ဆံတွေကို ကြက်တွေ ဗူးသီးတွေ ဝယ်
ချက်မလား .......မနက်ဖြန် ရော်ဘို့ထားမလား...
ဟမ်.....နင်တို့ကဘာလုပ်ချင်ကြလို့လဲ...
ငါတို့တွေက သူခိုးကြီးည တစ်ရက်ထဲတရားဝင်ခိုးရတာ....ငါတို့တော့
ခိုးချက်မယ်ကွာ...ဘယ်သူတွေ သဘောတုလဲ.... (မိချို)
ငါတူတယ်.. (၀ိုးဖတ်) တူတယ်... (သုန်သုန်)
တူပါတယ်.... (ချွတ်တီး)
ဘာပဲလုပ်ရလုပ်ရလေ.... (ကြက်ကုလား)
အဲ့လိုလုပ်ပါ..... (မန်ကျုံး)ငါလဲတူတယ်နော်... (မဲနယ်)
အမလေးဟဲ့... ..သဘောမတူကြ ရှာဘူး...လူ (၁၃)ယောက်မှာ (၁၀)ယောက်လက်ညှိုး ထောင်တယ်.... မိန်းခလေး၃ယောက်
ထိပ်ဆုံးက....ငါမပြောတော့ဘူး.....ငါကကတိ ပေးထားတာဟ......
တရပ်ကွက်လုံးကို.....
နင်ကလဲဟာလူကြီးတွေဆူလဲခနပေါ့....သူတို့လဲနားလည်ပြီးသားပါ....
ဘိုးစဉ်ဘောင်ဆက်ကျီးမနိုးပွဲဆိုတာ..လုပ်လာကြတာ..ငါ့အဖိုးဆို..
သူတို့ငယ်ငယ်က...ကျီးမနိုးပွဲတို့ဆွမ်းကြီးလောင်းပွဲတို့အကြောင်း....
ပြန်ပြောပြရင်သူ့မျက်နှာလေးပြုံးနေတာ.....
ဒီခေတ်မှ (၁၂) လရာသီပွဲ...တပ်ပျက်နေတာ..သင်္ကြန်တောင်
လည်စရာ ဝင်ဒါ မီယာတစ်ခုထဲ.....ပြီးတော့ တစ်ရပ်ကွက်လုံး
နင့်ကိုချစ် ကြတာ..... (ဒါကအထွန်း)
တော်...ရဘီ....နင်တို့ပြောတဲ့အတိုင်းပဲ...လုပ်တာပေါ့....ကဲလူစုခွဲ
မယ်...မိန်းခလေးတွေက...... စာတွေလိုက်ကပ်မယ်.....ကောင်
လေးတွေကြက်၊ဘဲ၊ဗူးသီး၊ငြုပ်သီး၊ကြက်သွန်၊ဆီ၊မဆလာ...
လှုပ်ရှားမယ် တံတားတွေ ထင်းစိုက်မယ်.....
အားလုံးသဘောတူကြတယ်......ည(၁၁)နာရီခွဲ စကြတာ....
မိချို.. သုန်သုန်...နန်းဝိုးဖတ်.....နင်တို့က ..စာတွေသွားကပ်...ပယော
ဂဖြစ်ချင်ယောင် ဆောင်နေတဲ့.... အညာသူမအိမ်ရှေ့မှာ....ဒါ
သွားကပ်(ပယောဂဆရာကိုကြီးရေ...ညလေးရင်ထဲမှာ...ဘာညာ
ဘာညာ) ဆိုတဲ.စာ..
ငါးရောင်းတဲ့အိမ်ရှေ့မှာက (ငါးမန်းဥ ရဘီဗျို့ )
နှင်းဆီခြံအိမ်ရှေ့မှာ (ပန်းခွေ အထူးအော်ဒါလက္ခံ သည် )
ဒေါ်ငရုပ်သီးအိမ်ရှေ့မှာ (သတိ နောက်ပြောင်ခြင်းသီးခံပါ) သူ့ယောင်္ကျား နောက်စိ ပြောင်နေလို့......
လေးလေးမျိုးဂျတ်အောင်အိမ်ရှေ့....(သိတ်ချစ်မိနေဘီ.....ခေးရယ်..
ကိုကြီးမှာလန်ကွတ်တီပဲကျန်ကျန်ကွာ...)သူကအနောက်လမ်းက...
.ကောင်မလေးနဲ.နောက်မီးလင်းနေတာကိုး....ရှာရသမျှကောင်
မလေးအိမ်ရောက်.. မိန်းမကျအသေရိုက်တာ...
နာတို့အိမ်ရှေ့ (ပြောင်ကြီးနှင်မြေးများ) အော်တန့်ဖိုးဖိုးကြီးကထိပ်ပြောင်လို့လေ....
ည(၁၂)နာရီခွဲလောက်ကျတော့အားလုံးရယ်ဒီ....အကုန်လဲပြန်ရောက်
ကြပြီဆိုတော့...အိမ်ကအိုးတွေယူပြီး ချက်ကြတာ......
ချက်ပြုတ်ပြီးတဲ့အခါ လမ်းလေးခွဆုံမှာ ငှက်ပျောရွက်တွေခင်း
ဝိုင်းကြီးပတ်ပတ် ထိုင်ကြပြီးတော.ပျော်ပျော်ပါးပါးစားသောက်ကြ
တာပေါ့........
ဒီကြားထဲ ဘဘဦးထိန်လင်းလာတော့ ....ဟန်မပျက်..ဟင်းတစ်ပန်း
ကန်ပေးလိုက်ကြသေးတယ်...ဘဘကလဲသာဓုတွေခေါ်လို့လေ......
မနက်ကျတော့ထုံးစံအတိုင်းအသံစုံကြားရပါဘီ.... -
ကျုပ်ပြောတာကခိုးပါ..မခိုးနဲ.မပြောဘူး....ကျီးမနိုးပွဲ...ဘိုးဘွား
တွေထဲကရှိလာတာ...ပျော်ချင်တာသိတယ်...ဘယ့်နှယ်တော်...
ဗူးသီးကို....လိုချင်ရင် အလုံးလိုက်ယူသွားပေါ့...ခုတော့ ဗူးစင်
တိုင်းက ဗူးသီးတိုင်းကို တစိတ်စီစိတ်သွားကြတာ...အိမ်ကမိမစစ်
ဖမစစ်လေး ဘယ်မှာလဲ..... (အထွန်းအမေ)
အမလေးတော် ကြက် (၃)ကောင်လိုချင်တာ(၆)ကောင်သတ်သွား
ပြီး..တစ်ကောင်စီရဲ့တစ်ခြမ်းစီယူသွားတယ်လေ.....အိမ်ကခွေးသူခိုး
လေးကလမ်းပြ...ဟဲ့ ကြက်ကုလား...ဘယ်မလဲ လာစမ်း တွေ့ရင်
တော့ နင်သေပြီမှတ်.... (ကြက်ကုလားအမေ)
မမမြင့်ရာ..ကျွန်တော့အိမ်ရှေ့မှာလာရေးသွားတာဗျာ....နောက်လမ်း
ကခလေးမလေးမြင်လဲမကောင်းပါဘူး...
(ရှက်တတ်ရင်ခိုးမစားနဲ.ပေါ.နော်)
ဘယ်အလေနတ်တောတွေရေးသွားတာလဲ..ငါ့အိမ်ရှေ့မှာ..ငါ့သမီး
က ပယောဂဆရာ နဲ့ ဘာလိုလိုဆိုတာ....ငါ့သမီးလေးကအိမ်ထဲ
ကအိမ်ပြင်ထွက်တာမဟုတ်ဝူး...သူများသမီးတွေလို ကာလသား
တရုန်းရုန်းနဲ့မဟုတ်ဘူး သိနေတယ်နော်...ဟင်းဟင်း..ဘယ်သူ့
လက်ချက်လဲဆိုတာ....(ဟွန်း လူကသာ အိမ်ပြင်မထွက်တာ...
ဗိုက်ကတော့ထွက်..ကန်တော့ ကန်တော့)
အမလေးတော်....အိမ်ကတံတား တစ်ဝက်နဲ့ ဒန်အိုး(၂)လုံးလဲ မရှိတော့ဘူး....(မေမေ့အသံ )
ဟိုမသာလေး ..ဆိုင်က ကြက်သွန် ငြုပ်သီး သယ်တာ ...လူလို
လာမယူဘူး......တဆိုင်လုံးပွကျဲလန်နေတာပဲ....
-နေ့လည်က အလှူလာခံတော.့အဲ့လိုတွေမလုပ်အောင် ကုတို့ခပေး လိုက်တာတောင်...ဟင်း ဟင်းး....
အသံပေါင်းစုံကြားပြီးနောက်ဆုံးအော်တန်တို့အုပ်စုထုံးစံတိုင်း..
ရဝတ ရုံးကို ရောက်ပါလေရော....အော်တန်ကညပြန်အိပ်ထဲက
မေမေ့ကိုပြောပြပြီးသား...မနက်ရှင်းရမယ်ထင်တယ်မေမေလို့......
မေမေက...တစ်ကယ်ပါပဲ မိမေရယ် တဲ့.....
ရဝတ မှာ ဘဘ ရာအိမ်တဂေါင်းက....
အတန်တန်ပြောထားသားနဲ.ခလေးတို့ရယ်...တအားဆိုးကြတာပဲ...
ကဲကဲ အမကြီးတို့ကျွန်တော်ပဲ တောင်းပန်ပါတယ်....
ရော်စရာရှိတာတွေစာရင်းတွက်ကြရအောင်ပါ...
နောက်ဆုံးစာရင်းချုပ်တော့အော်တန်တို့ (၁၃) ယောက်
တစ်ယောက်၅၀ကျပ်စီပေးရတယ်...အော်တန်တို့က....ကြိုစုပြီးသား......
အဲ့တာနဲ့လူကြီးတွေကိုတောင်းပန်..ကန်တော့ ..လူကြီးတွေကလဲ
ခွင့်လွှတ်ပြီး ..ပြန်မယ်လုပ်ကြတော့ အော်တန်က....ဘဘဦးထိန်
လင်းကို...
ဘဘနော်.နူနူးဘဘကိုလုံးဝမကျေနပ်ဘူး....ဟွန်း
ဟ...ဘာလို့လဲဟ...ရှင်းလဲပေးရသေးတယ်လေ....
ညက ကြက်သားကာလသားဟင်း စားကြတဲ့ထဲမှာဘဘလဲ
ပါတယ်လေ....အဲ့တာ..ဘဘကျတော့မရော်ဘူး.....ရတယ်နော်..
မကျေနပ်ဖူး.....ဟွန်း
ဘာ..ဦးထိန်လင်း..တော်ကပါ မကြီးမငယ် ခလေးတွေနဲ့ ပေါင်း
နန့်တယ်ပေါ့ ဟုတ်လား....သူမြှောက်ပေးနေလို့ပေါ့. ....ဒီခလေး
တွေ ကန်းတက်နေတာ....
တစ်မနက်လုံး ပွက်လောရိုက်နေတာတောင်.....ခလေးတွေက
လ္ဘက်ရည်ဆိုင်ထိုင် မပျက်ဘူး..တော်ကြီးကြောင့်...
အော်ကြတာ...ဝိုင်းအော်လိုက်ကြတာမပြောပါနဲ့တော့တစ်ယောက်
တစ်ပေါက်ဝိုင်းပြောကြတာ.....ဘဘရာအိမ်ဂေါင်းကို....ဘဘက
ပြုံးဖြီးဖြီးနဲ့ ဂေါင်းကြီးကုတ်ပြီး....
တော်တော်ဆိုးတဲ့ခလေးတွေ....တဲ့
.နောက်ဆုံး ဘဘဦးထိန်လင်း ကတော်.....ကြီးတင့် ကဝင်ရှင်းပေး
လိုက်တယ်....
ခလေးတွေက....(၄၅) ကျပ်စီရော်ပီး.......တော်ကဂေါင်လူကြီးမို့လို့....
(၆၅)ကျပ်ရော်တဲ့....တစ်ပတ်တိတိ.... မနက်ဖက် လ္ဘက်ရည်ဆိုင်
မထိုင်ရတဲ့.....
ပြန်လည် အစားထိုးလို့မရသလို.....နောက်တစ်ကြိမ်လဲပြန်မရ
နိုင်တော့တဲ့.....နောက်ပြန်လှည့်သွားချင်လဲ....သွားလို့မရတော့တဲ့
ကျမရဲ့ငယ်စဉ်ဘဝ အမှတ်တရမိုင်တိုင် လေးတစ်ခုပါ......
(၁၄)နှစ်တောင်ကြာခဲ.့ပြီပဲ......လွမ်းတယ်သူငယ်ချင်းတို့ရယ်...
အရင်လိုညညတွေမှာ...ဂစ်တာတီးကြရင်း...ဗိုက်ဆာလာတဲ့အခါ
တွေမှာ......ဇလုံကြီးထဲထမင်းဟင်းတွေထည့်နယ်ပြီးလုစားကြတဲ့....
အချိန်လေးတွေ ပြန်လိုချင်မိတယ်...)
ပြူးစိလေး ငယ်ဘ၀က ငါ့ထက်ကဲပါလားဝေး)
ReplyDeleteငယ်ကျိုးငယ်နာတွေဖော်ကုန်ပြီး)
ခုလောက်ဆို ခင်တဲ.ဘလော.ကာမောင်နှမများ
ReplyDeleteအော်တန် ယောင်္ကျားမရ ရခြင်းကြောင်းရင်းကို
သိလောက်ပြီ ထင်ပါတယ်.......ဟိဟိ
သမီးဆိုးလိုချင်တဲ. မဒိုးချစ်ခင်ပွန်း လဲစဉ်းစား
လို.ရအောင်ပါ......ဟီးးး
ပြူစိလေး နီငယ်ငယ်က ဘဲငမ်းပီးစာတိုက်ပုန်းကြီး
ReplyDeleteဝင်တိုက်မိတာလေ.....အဲဒီအကြောင်းရေးအုံး..နာထိပ်ဆုံးက
ကွန်မင့်အရင်ဆုံးလာပေးမယ်။
နီက အမှတ်တရဖြစ်စရာတွေများတယ်ဆိုတော့...ခိခိ..
နာဖော်လိုက်ပီနော်.....အဟီး.........
ဟဲ့.ပြူးစိလေးး)
ReplyDeleteညည်းအေ..ဆော့စရာရှားလို့..းP
သူငယ်ချင်းတွေရဲ့နာမည်တွေကိုတော့.
အားကြီးသဘောကျတယ်ဝေး)
ဒီနှစ်သာခိုးကြီးညမှာကော..ဘယ်လိုကဲမယ်စီစဉ်ထားတုန်း
သာမိစံအိမ်ကိုတော့..မလာနဲ့နော် .ဟဲဟဲ (ချင်းချင်းတွေပဲကိုနော်း)
သိပ်မရေးနဲ့နော်
ReplyDeleteငယ်ဘ၀တွေကိုသတိရလို့ပါဟယ်
ဂျီးဒေါ်ကြီးအိမ်က ကြက်တစ်ကောင်၊ ဘကြီးအိမ်က ဘူးသီးတစ်လုံး ကိုယ့်အိမ်က ယူလို့ရတာအကုန်နဲ့ ချက်တတ်သလို ချက်ထားတဲ့ ကြက်သားဟင်းလေး သတိရလိုက်တာ။။ သူခိုးကြီးညမှာ ထမီလေးတွေ အလံထောင်ထားခဲ့ရင် မနက်ဖက်ကျ အဆဲခံရတာ ကိုယ်တွေပဲလေ။။။:P:P:P
ReplyDeleteအင်း..ဒီလောက် သောင်းကျန်းမယ်ဆိုရင်တော့ ပြန်စဉ်းစားရမယ်..
ReplyDeleteမှတ်မိသေးတယ်..ဘကြီးအိမ်က အုံးသီးတက်ခိုးတာ.. ဘကြီးက
အုံးပင်အောက်က စောင့်နေလို့ တစ်ညလုံး မဆင်းရဘူး..
စကားမပ်..
နာမည်တွေ လွှတ်သဘောကျတယ်.. :D
မာလုရေဆလန်တတယ်ဗျာ...အတော်ဆိုးတယ်...တနှစ်တခါပျော်လို့မဟုတ်ဘူးအဲဘားတောင်းကျန်းနေကြတာကို..ဟားဟား...အားပေးသွားပါတယ်ဗျာ
ReplyDeleteအော်တန်တို့ကတော့ တော်တော်ကဲခဲ့တာပဲ၊ နာမည်ပြောင်တွေကလဲစုံပါ့၊ ငယ်ဘ၀ရဲ့ မမေ့နိုင်တဲ့ပျော်စရာလေးပေါ့။ အကြံပြုလိုက်မယ်.. အဲဒီမှာဘလော့ဂါတွေစုပြီး ကျီးမနိုးပွဲကျင်းပဖို့...နီးပြီလေ၊ မြန်မြန်လူစုလိုက်တော့....တစ်ခုခုဖြစ်ရင်တော့ တာဝန်မယူ၊ ဘဘဦးထိန်လင်းလို တရားခံထဲဆွဲထည့်နေမှာစိုးလို့....
ReplyDeleteကျီးမနိုးပွဲလေးဖတ်ရင်း အိမ်ရှေ့က ကလေးတွေ တီတင့်အိမ်က ဆိုင်းဘုတ်ကြီးကို ဖြုတ်ပြီးသူများအိမ်မှာ ချိတ်ထားခဲ့တဲ့ ကျီးမနိုးပွဲကို သတိရမိတယ်း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပြန်တွေးတိုင်း ကြည်နူးပြုံးမိနေမှာပဲ မဟုတ်လား...ဆိုးသာဆိုး အဟီးး အားပေးတယ်ဗျို့.....:):) နောင်တစ်ချိန် အသက်ကြီးလို့ ပြန်တွေးစ၇ာ လွမ်းမောဖွယ် အမှတ်တရလေးတွေ ပေါ့....
ReplyDeleteCheer ပါမမရေ ...:):)
မြန်မာ့  ရိုးရာ ပွဲလေးကို ပျော်ရွှင်စွာ ဖျက်သန်းခွင့် ရခဲ့ တာပဲ....အားကျတယ်ဗျာ.
ReplyDeleteလက်လန်တယ်..ခြေခွင်တယ်. ခေါင်းစောင်းတယ်ဗျာ. ..။
ReplyDeleteသူများကိုမီဖို့ သားတို့ကြိုးစားရဦးမယ်. ..။ ဟိဟိ
ကျွန်တော် အဲ့လိုပွဲ တစ်ခါမှ မနွှဲဖူးတာ ၀န်ခံပါရစေ..။
ReplyDelete