Thursday 27 October 2011

အမေ



ဟိုး....အနက်ရှိုင်းဆုံးရင်ထဲမှာ
ဘုရားသ္ခင်ရဲ့ နူးညံ့တဲ့နှလုံးသား....
အစဉ်ထာဝရ...တိတ်ဆိတ်စွာ
ကိန်းအောင်းနေတဲ့အမေ။

အိုမင်း ပေမယ့်လည်း
အေးမြနေဆဲ အမေ့ရဲ့အပြုံး...
ဇယာရိပ်တွေနဲ့ ရီဝေနေပေမယ့်
သားသမီးကိုကြည့်တဲ့
အကြည့်တွေမှာတော့
အေးမြတဲ့မေတ္တာတွေ အချစ်တွေနဲ့
တောက်ပနေတဲ့ အမေ့ရဲ့မျက်လုံး။

သားသမီးတွေဆိုးသမျှကို
ရင်နဲ့ရင်းပြီး ခွင့်လွှတ်နိုင်တဲ့
နက်ရှိုင်းတဲ့မေတ္တာနဲ့
အဖြူစင်ဆုံးနှလုံးသားပိုင်ရှင်အမေ။

အမေ့ရဲ့မေတ္တာတစ်ခုထဲကပါ
ကျွန်တော်တို့ရဲ့ မျက်ရည်တွေကို
နားလည်ခဲ့တာ..
အားငယ်စိတ်တွေကို နှစ်သိမ့်စေတာ
ကြောက်စိတ်တွေကိုငြိမ်းအေးစေတာ..ပြီးတော့
ကျွန်တော်တို့ရဲ့ အိမ်မက်တွေကို..
ရအောင် အကောင်အထည်ဖော်ပေးတတ်တာ။

အမေပေးတဲ့သားအပေါ်ယုံကြည်မှုက
သားရဲ့ဘဝလမ်းကြောင်းကို
ကိုယ်တိုင်ရှာဖွေစေတယ်..
ကိုယ့်ကိုယ်ကို အားကိုးအောင်
လှုံ့ဆော်ပေးတယ်အမေ...

အမေ့ရဲ့နှလုံး အမေ့ရဲ့ဂရုဏာ
အမေ့ရဲ့အကြင်နာ အမေ့ရဲ့အားအင်
အမေ့ရဲ့နွေးထွေးတဲ့အပြုံး
အမေ့ရဲ့တည်ငြိမ် မှု...
အာလုံးဟာ ဘုရားသ္ခင်ဖန်ဆင်းပေးတဲ့
သားအတွက် လက်ဆောင်ပါ..
အမေ့ကိုရတာကျွန်တော်ကံကောင်းတာပါအမေ....
အစဉ်မပြတ် ရှိခိုးဦးညွှတ်လျှက်ပါ.......


˜º̶̶ƷʌuτuмиƸ̶º˜˜








6 comments:

  1. အော်တန်က အဖေကိုပိုချစ်တဲ.သူဆိုတော.လေ
    အမေ့ တွက်ရေးမယ်ကြံလိုက်..အဖေ့တွက်ရေးမိလိုက်
    ခုတော.အဖေ ကဗျာ(၃)ပုဒ်ရေးပြီးမှ..အမေ.အလှည်.ကို
    ရောက်တော.တယ်...ဒါတောင် သိတ်မကောင်းဝူးရယ်....

    ReplyDelete
  2. ဘာ!..ဒါတောင်သိပ်မကောင်းဝူးဟုတ်လား ?:P
    ဒါဆို.ဘယ်ဟာကကောင်းတာလဲ..ဒီလောက်ရသမြောက်တဲ့ကဗျား)
    မိဘဆိုတာ..တို့တွေအားလုံးရဲ့..ဒုတိယဘုရားပဲလေ
    ဒါပြီးတော့..တတိယက..ငွေပေါ့း)
    မိဘအပေါ်သိတတ်တဲ့..သားသမီးဟာ..ဘယ်တော့မှမဆင်းရဲပါဘူးကွယ်
    သမီးတွေကတော့..ဖအေချစ်တာများပါတယ်
    သားတွေကတော့..မအေချစ်ပေါ့
    သာမိစံကတော့..အမေ့ပဲချစ်ပါတယ်းP
    လောလောဆယ်တော့..မိဘလုပ်စာ..ထိုင်စားတုန်းပါး)
    (အားမကျနဲ့နော်)
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာနဲ့
    သမီးစံ

    ReplyDelete
  3. နာ့မေမေကို အရမ်းတတိရတွားပီ..
    အော်တမ်မ....နာမြန်မာပြည်ပြန်ချင်အောင်ရေးနေတာလား။
    ဘာဘဲပြောပြောနီ့ကဗျာအရမ်းကောင်းပါတီ။

    ReplyDelete
  4. အမေဆိုတာ ကိုယ့်အသက်ထက် အရေးကြီးပါတယ်.. ပျော်ရွှင်ပါစေဗျာ ...

    ReplyDelete
  5. အမေချစ်တဲ့သားမို့

    ခံစားမိ....

    ReplyDelete
  6. မမ ရေ ကဗျာ လေး လာခံစားသွား ပါ တယ်ဗျာ..
    အမေနဲ့ရွာကို လွမ်းသွား ပါကြောင်း..
    (ဒုတိယ)

    ReplyDelete