ဒီနေ့နူးအတွက် ...
မောင်နှမတွေမှပို့သော လက်ဆောင်များမှ
နူး အကြိုက်ဆုံးးးး လက်ဆောင်လေး...
.........နှလုံးသားယုတ်သူမဖတ်ရ............
ဘုရားတပည့်တော်သည်.. ညီမလေး အပေါ် ပစ္စုပ္ပန်မှာလည်း နွေးထွေးစွာ ဖေးမမယ်။
အနာဂတ်မှာလည်း ညီမလေး ဘက်မှာ အမြဲရပ်ပါ့မယ်။ ရမ္မက်မပါ အဆုံးမဲ့ မေတ္တာတွေနဲ့
စောင့်ရှောက်မယ် ။ အသက် ထက်မြတ်နိုးမယ်။ ဘ၀ထက် တန်ဖိုးထားပါ့မယ်။
အားငယ်မှုတွေကို နှင်ထုတ် ပစ်ပါ ကျန်းမာရေးကို ဂရိုစိုက်ပါ။ ညီမလေး အပေါ်မှာ
ခံစားမိသလိုမျိုး ဖြူစင်သော ခံစား ချက်များ ဖြူစင် သန့်ရှင်းသော
မေတ္တာများဖြင့် ခမ်းကြီး ခမ်းနား မေတ္တာစကားများကို
တစ်စုံတစ်ယောက်ကိုမျှ မပြောခဲ့ပါ မပြောပါ။.. အကယ်၍ ပြောသည်ဖြစ်အံ့
နောက်ဘုရားနဲ့လွှဲပါစေဗျာ .ပြောတိုင်းတည်ငြားအံ့... မှန်ငြားအံ့
အကွေ့အကောက်မရှိ လောကအပြစ် ဓမ္မအပြစ် ကင်းရှင်းစွာဖြင့် ရှေးရှေး
အလောင်းတော်များ သူတော်ကောင်းများကဲ့သို့ ကျုပ် ညီမလေး နဲ့ ဒီဘ၀မှာလည်း
ညီညွှတ်စွာ အားတင်းပြီး ခိုင်မာတဲ့ ဘ၀သင်္ဘောကြီးတစ်ခု တည်ဆောက်ကြရပါလို ၏။
ကျုပ်တို့လောက် ခရီးမရောက်သေးတဲ့ သူတွေကို ဖေးမ ကြရပါလို၏ စိတ်ပျက်
အားငယ်နေကြတဲ့ ဘ၀အဖုံဖုံက ညီငယ် ညီမငယ်၊ မယ်မယ် ဘိုးဘိုး ၊ မေမေဖေဖေတွေ ကို
ကူညီကြရပါလို၏။ ညီမလေးနှင့် အတူလက်တွဲပြီး ဘ၀ကို လောကအတွက်
ပေးဆပ်ကြရပါလို၏ ..ဘ၀ဆက်တိုင်း ပါရမီ ဆယ် ပါး ဖြည့်ကျက်ဘက် အမှန်စစ်စစ်
ဖြစ်ရပါလို၏ဘုရား နောက်ဘုရားရှင်ကို လည်း ကောင်းစွာကျန
ဖူးတွေ့ရပါလို၏ဘုရား............
သီချင်းဆိုတဲ့ဆိုဒ်ရှိသေးလား:D
ReplyDelete