Monday 26 August 2013

ကြယ်ဇင်...ချစ်သူ ...သို့


ရင်ခုန်သံတွေ အေးစက်သွားပြီလားချစ်သူ
မင်းနှုတ်ခမ်းက စကားသံချိုချိုလေးတွေ
ပျောက်ဆုံးနေခဲ့တာ ကြာပြီပဲ
မရနိုင်တော့မှန်းသိပေမယ့်
ငါကြားချင်မိနေတုန်း မျှော်လင့်မိနေတုန်းပဲ ချစ်သူ ...
ငါ့ရဲ့အချစ်က ကန်ရေပြင်မှာ
ခဲလုံးလေးတစ်လုံးကျသွားသလို
ခနတာ ဂယက်ရိုက် လှုပ်ခတ်ပြီးချစ်ခဲ့တဲ့
အချစ်မျိုး မဟုတ်ပါဘူး ...
ကျောက်ထွင်းအက္ခရာလိုမျိုး
ရာဇ၀င်မယ့် အချစ်မျိုးနဲ့
မင်းကို မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာပါ ။
မင်းသိရဲ့လားချစ်သူ
အခုဆိုရင်လေ ငါမြတ်နိုးတဲ့သူက
ပျံသန်းရတာကိုပဲ နှစ်သက်တဲ့
ငှက်ကလေးတစ်ကောင် ဖြစ်နေမှာကို
ငါတစ်ကယ်...စိုးရိမ်နေမိပြီ ချစ်သူ ...
 KyAl ZiN

2 comments:

  1. ရင်ခုန်သံတွေဘယ်တော့မှအေးစက်မနေတဲ့ စံပယ်ပါညီမလေးရေ

    ReplyDelete
  2. မင်းသိရဲ့လားချစ်သူ
    အခုဆိုရင်လေ ငါမြတ်နိုးတဲ့သူက
    ပျံသန်းရတာကိုပဲ နှစ်သက်တဲ့
    ငှက်ကလေးတစ်ကောင် ဖြစ်နေမှာကို
    ငါတစ်ကယ်...စိုးရိမ်နေမိပြီ ချစ်သူ ...


    ဖတ်သွားပါတယ် မ

    ReplyDelete