Friday 17 February 2012

...သို့



ချစ်သူ...
အိပ်မရတဲ့ညတိုင်းမင်းကိုပဲ
သတိရနေမိတယ်.
မင်းမရှိတဲ့.အချိန်တိုင်းမှာ
အရာရာက.
လေးနက်မူ့မရှိခဲ့ပါဘူး

အချိန်တွေသာ
ကုန်လွန်သွားခဲ့တာပါ
မကုန်ခမ်းနိုင်တဲ့..အချစ်တွေက..
ငါ့ရင်ထဲမှာရှိနေသေးတယ်..ချစ်သူ..
ရခဲလှတဲ့..အချိန်တိုအတွင်းမှာ..
မင်းကို.စက္ကန်.တိုင်းသတိရနေမိတယ်

တကယ်တော့.
ငါဟာအချစ်ဦးမဟုတ်ခဲ့ပေမယ့်..
မင်းအတွက်အချစ်ဆုံး သူတယောက်ပါ
မတွေ့ ရတဲ့ အချိန်တွေမှာ
ထိုင်နေကျထိုင်ခုံလေးရယ်
ရောင်ချာချာဖြစ်နေတဲ့ငါ့စိတ်တွေရယ်
ထိမ်းချုပ်ရခက်နေပြီ..ချစ်သူ..

မင်းသိနိုင်မလား.ချစ်သူ
စက္ကန့်တံလေးတွေလည်ပတ်နေတိုင်း
အသက်ရှူတိုင်းး ရင်ခုန်တိုင်း
မင်းကိုပဲသတိရနေတတ်ပြီ

ဖြူစင်တဲ.အချစ်ကို
ငါကပဲအရောင်ဆိုးချင်ခဲ့ မိတာလား
တကယ် .ချစ်ခဲ့တယ်ဆို ရင်ပေါ့
တချက်လောက်တော့ငှဲ့ကြည့်လှည့်ပါ
မင်းမသိတဲ့ငါ့ရင်ထဲမှာ..
မင်းပုံရိပ်တွေ
စိုးမိုးနေပြီချစ်သူ။


˜º̶̶ƷʌuτuмиƸ̶º˜˜


8 comments:

  1. ဖြူစင်တဲ.အချစ်ကို
    ငါကပဲအရောင်ဆိုးချင်ခဲ့ မိတာလား. ဆိုတဲ့စကားက ကိုယ့်ကိုယ်ကို ခဏခဏမေး
    ဖြစ်ခဲ့တဲ့စကားပါ.. ။ အားပေးသွားပါတယ်မမေ.

    ReplyDelete
  2. အော်တန်လေးရဲ့ ချစ်သူကလဲသိမှာပါနော်
    ဘာကြောင့် စာတွေကဗျာတွေကျဲနေတာလဲ
    အရှုပ်တွေလုပ် အဲလေ အလုပ်တွေရှုပ်နေလို့လားညလေးရေ
    လွမ်းနေတဲ့ sis jasmine

    ReplyDelete
  3. အော်တန်တစ်ယောက် အမားလို့ပါဆိုပြီး ပျောက်ချက်သားကောင်းနေတယ်..။ ခုတော့အားသွားပြီထင်တယ်..။ ကဗျာတွေရေးလို့...။
    နေကောင်းပါစ....

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  4. အချိန်တွေသာ
    ကုန်လွန်သွားခဲ့တာပါ
    မကုန်ခမ်းနိုင်တဲ့..အချစ်တွေက..
    ငါ့ရင်ထဲမှာရှိနေသေးတယ်..ချစ်သူ..
    ရခဲလှတဲ့..အချိန်တိုအတွင်းမှာ..
    မင်းကို.စက္ကန်.တိုင်းသတိရနေမိတယ်

    ကဗျာလေးက ကောင်းတယ်ဗျာ

    ReplyDelete
  5. ဒီကဗျာလေးက တစ်မျိုးလေးပဲ.. ကြိုက်တယ်.. Like..

    WL

    ReplyDelete
  6. ချစ်သူရဲ့အတွေးတွေပုံရိပ်တွေစိုးမိုးနေတဲ့ အော်တွန်ဆီကိုအလည်တစ်ခေါက်ရောက်ရင်း
    နှင်းဆီပွင့်ဖတ်နှလုံးသားလေးကိုသဘောကျသွားတယ်

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  7. ဘွန္တော25 May 2012 at 16:51

    ကောင်းတယ်ဗျာ ကဗျာက ကလေးဘ၀ကိုတောင် ပြန်မြင်ရောင်မိတယ်။ အိမ်းးးးးးးးးးး အသက်ကလဲကြီးပြီဆိုတော့ အဲလိုပါပဲလေ..... :P

    ReplyDelete
  8. ယုန်လေး25 May 2012 at 22:29

    မတွေ့ ရတဲ့ အချိန်တွေမှာ
    ထိုင်နေကျထိုင်ခုံလေးရယ်
    ရောင်ချာချာဖြစ်နေတဲ့ငါ့စိတ်တွေရယ်
    ထိမ်းချုပ်ရခက်နေပြီ..ချစ်သူ.. ဒီစာသာကတော့ မိုက်တယ် ...အားပေးသွားပါတယ်ခညာ :p

    ReplyDelete