Friday 25 November 2011

အော်တန်၁၀တန်းအောင်တဲ့နေ့




ဒီနေ့ ရပ်ကွက်ထဲမှာ မေမေတို့အမျိုးသမီးတေတွတ်ထိုးနေကြတယ်။

 အကြာင်းကမနက်ဖန် ၁၀တန်းအောင်စာရင်း ထွက်မှာလေ
အ်ာတန်က ၁၀တန်းစာမေးပွဲပြီးတည်းက ကုန်ပဒေသာဆိုင်မှာ
 အလုပ်ဝင်လုပ်ရတယ်။အော်တန်တို့ကဆင်းရဲတာကိုး။
 ပြီးတော့ ဖေဖေက ကိုယ်တခြမ်းသေဒုက္ခိတကြီး မေမေက
ရိုးရိုးရုံးစာရေး..တအားရိုးတယ် ရှေးဆန်တယ်။

ဖေဖေလေဖြတ်တော့ အော်တန်က ၅တန်းပဲ ရှိသေးတာ....မေမေ

ကလဲ ဘာမှမလုပ်တတ်မကိုင်တတ် အဲ့တာနဲ့ ဖေဖေ့လက်ထက်က
 ရှိတာလေးတွေ ရောင်းပေါင်စားရင်းတဖြေးဖြေးဆင်းရဲသွားတာ
အော်တန်၈တန်းအောင်တော့ လမ်းထဲက ကြီးမြတို့ကြီးတင့်တို့ 
ကို သွားပြောရတယ်...ဖေဖေ့ဆေးဘိုးလေးရအောင်..သူတို့သား
 သမီး တွေကို စာသင်ပါရစေလို့ အဆင့်၁၀အတွင်း ဝင်အောင် 
 သင်ပေးပါ့မယ်လို့လေ.....သူတို့ကလဲ ကျမကို သနားတာနဲ့
စမ်းသင်ကြည့်အေလို့ ပြောကြတယ်...ကျမ အရမ်းဝမ်းသာသွားး
တာ

အဲ့တာနဲ့ ကျမ၉တန်းမှာ သူငယ်တန်းကနေ ၆တန်းထိ လမ်းထဲက

 ခလေးတွေကိုတအိမ် တက်ဆင်းစာလိုက် သင်ပေးရတယ်ဘုရားနဲ့
မိဘ ကျေးဇူးပါပဲ အများစုက အဆင့်၅အတွင်း ဝင်ကြတယ်သူတို့က
 လစာပေးတာပေါ့ ...အဲ့တာနဲ့ အိမ်စရိတ်လေး နဲနဲခုမိတာ။ခုနက
အောင်စာရင်းအကြောင်းပြန်ဆက်မှ.....
 
ဟော အလုပ်ကအပြန် လမ်းထဲဝင်တာနဲ့ ကြားပါဘီ အသံတွေ...


ပြူးစိလေး အလုပ်ကပြန်လာဘီလား...မနက်ဖန် အောင်စာရင်းတွေ

 ထွက်မယ်တဲ့သိပြီးပြီလား....

ဟုတ် လေးလေးမျိုး......ကြားတာပဲ (သိတာပေါ့ အလုပ်က မဝတ

 နဲ့ကပ်ရက်ကို)အောင်ရင်လေးမျိုးကို နောက်မိန်းမ တောင်းပေးမယ်

အာ.....ဒီခလေး ...


အန်တီ မိချိုရော....ကျူရှင်သွားလား

အေးသမီး...မနက် အောင်စာရင်း ထွက်မယ်ဆို စိတ်ပူလိုက်တာ သမီးရယ် ၁၀ တန်းကနတ်ကြီးတယ်...ဆုတောင်းပေးတယ်နော်..

ပူးစိလေး နာမည်ပါအောင်


ဟုတ်.........အန်တီ..ကျေးဇူးပါ .....

ကြီးတင့် ဘာချက်....ဘဘ ရာအိမ်တဂေါင်းရော...


အလုပ်ကပြန်လာပြီလား ချဉ်ပေါင်ချက်တယ်လေသမီး....သမီး ကြိုက်တတ်လို့ အိမ်ပို့ပေးထားတယ်....မနက်ဖန်အောင်စာရင်း 

ထွက်မယ်ဆို.အာင်ပါစေအေ..ငါ့သမီးလေးမိဘကိုလုပ်ကျွေး  
နေတာ...နင့်အဘက ရုံးမှာ...

ကြီးတင့် မွမွ.....ကျေးဇူးပါ.....ဒီနေ့ ငချွတ်ကို စာလာသင်ရမယ့်နေ

့ ကြီးတင့် နူး ညလာမယ်နော်...


ဟဲ့ မနက်ဖန် အောင်စာရင်း ထွက်မယ်ဆိုင်မအောင်ရင် ဘယ်လို

လုပ်မလဲဟိုမှာ အညာသူမ အတင်းလိုက်ပြောနေတာ အာင်မှာ 
ဟုတ်ဘူးတဲ့

ကြီးမြကလဲ...မအောင်နောက်နှစ်ပေါ့...ပူနဲ့

တော်ဘီအေ မပြောတော့ဘူး ဟင်းချက်တော့မယ်

 
အိမ်ရောက်တော့ မေမေက.... မိမေ မနက်ဖန်အောင်စာရင်း 
ထွက်မယ် တဲ့ သိပြီးပြီလားလို့ မေးတယ် ဟုတ်မေမေ....လို့ဖြေပြီး အပေါ်တက် အဝတ်လဲ ပြီးတော့ ကာရာအိုကေဆိုဘို့ စက်ဖွင့်
 တော့ မေမေက.....

မနက် အောင်စာရင်း ထွက်မှာတောင်..သီချင်းက ဆိုနိုင်သေးတယ်

ဒီဟာမ အောင်မှာလဲ ဟုတ်ပါဘူး..နားကညီးအုန်းမယ် ဆိုပြီး
 လ္ဘက်၇ည်ဆိုင် ထွက်သွားတယ်...

သီချင်းဆိုပြီး တစ်ခွေပြီးလို့ အခွေချိန်းတော့ ဂေါင်းရင်းအိမ်က

ဒ်ါမြက ထအော်တယ်...

အမလေးတော်...ဟင်းထဲကို ဆားဘယ်နှစ်ခါ ခပ်မိလဲမသိတော့

ပါဘူးအဲ့ဒီ မိမေဟာလေ...နေပူရတဲ့ကြားထဲ ငါ နားပါပူလို့ သေ
တော့မယ်ဘယ်ဘဝက ရေစက်ကြောင့် ဒီဟာမနဲ့ အိမ်ချင်း
ကပ်နေရပါ လိမ့်တော်....

အန်မယ်...ကြီးမြပဲ ဟိုဘဝက အတန်တန် ဆုတောင်း လာတာ

လေဘဝ ဆက်တိုင်းဆက်တိုင်းနူနူးလေးနဲ့အနီးဆုံးမှာ နေပါ
ရစေဆို....ဟိဟိ


အမလေးတော်....ဟဲ့မိတင်မြင့် တော့်သမီးပြောတာကားလား

ဖစ်မှဖြစ်ရလေအေ...ကျုပ်ကပဲ ဆုတောင်းရအုန်းမယ်....

ဒါက အော်တန် ကာရာအိုကေ ဆိုတိုင်း ကြီးမြ အော်နေကျ

အိမ်ရှေ့က ဒေါ်ငရုပ်သီးကတော့ ခုချိန် မအော်သေးဘူးရယ် 
ဟော...သူ့ခင်ပွန်း အလုပ်ကပြန် ထမင်းစားမှ စတာ..ဟိဟိ


အမလေး ယောင်္ကျားရယ်..ဟင်းထဲ ဆားမပါဘူး ဟုတ်လား....

အဲ့တာ မိမေပေါ့ တညနေလုံး လေ ကာရာအိုကေ ဆိုနေတာ
နကပူ နားကပူ.....သေချင်စော်ကိုနံရော...

နူး ကြောင့်မဟုတ်ဘူးဘဘရေး....ဘဘ မိန်းမကလေ...ဈေးထဲ

က သူ့ကိုမမလို့ခေါ်တဲ့ဆိတ်သားကုလား အကြောင်း တွေးရင်း
ဟင်းချက်လို့ အဲ့လိုဖြစ်တာ...ဟွန်း...ဆိတ်ကုလားကိုငမ်းပြီး 
တလကိုရက်၂၀ ဆိတ်သားဟင်းချက်နေပြီး.........

အမလေးတော်..ကျုပ်က ဒီအရွယ်ကြီးကျမှ...သားအရွယ်ကို

 ပြစ်မှားစရာလား....ငါ့လင်တော်မောင်က ဆိတ်သား ကြိုက်လို့
ပါတော်...

မင်းကလဲလေ...မနိုင်ပဲသွားသွားစနေ...သမီး မနက်အောင်စာရင်း

 ထွက်မယ်ဆို...ဘဘဆုတောင်းပေးမယ်နော်...

ဟုတ် ဘဘ....ကျေးဇူးပါ....ဘဘက လိမ်မာသလောက်..ဟွန်း


အဲ့တာနဲ့ မနက်၂ချက်ထိုးတော့ မောင်တွေနဲ့ လမ်းထဲက ကာလ
 သားတွေက မဝတ ရုံးမှာအောင်စာရင်းအကပ်..သွားစောင့်ကြရော
 အော်တန်လဲ ဘယ်အိပ်လို့ ရမလဲနော်....ရင်ခုန်နေတာပေါ့ 
ရပ်ကွက်ထဲက လူတွေ စပ်စလူး ထနေကြတာ ကြည့်မရလို့ 
စိတ်မဝင်စားသလို နေပြတာ..အော်တန် အောင်စာရင်းထွက်တာ
 သူတို့အပူ...


ပြီးတော့ ကျမက ကိုယ့်ဟာကိုယ် အောင်မယ် အမှတ်များမယ် 

ဆိုတာတော့သိတယ်...ဂုဏ်ထူးတော့ မမှန်းဘူးရယ်....

မနက်၅နာရီခွဲလောက်ကျတော့ ကြားရပါပြီ... တသက်လုံး

 ယောက်ျားတွေ မနက်၆နာရီဖယ်ရီထွက်စီိးတာ တခါမှ အိမ်ယာ
 ကထပြီး ယောက်ျားအလုပ်သွားဘို့ ပြင်မပေးဘူးတဲ့ဒေါ်ငရုပ်သီး
 နဲ့ ဒေါ်မြပေါ့ .....ကျားသားကို မိုးကြိုးပြစ်လို.....ဆွဲခြင်းကိုယ်စီနဲ့  
ယောက်ျားတွေရုံးအသွား ဈေးစောစောသွားမယ်ဆိုပဲ....
အသံတွေကြားနေရတာ အတိုင်းသား......

၇ နာရီလောက်ကျတော့ ဟိုး....လမ်းထိပ်ကနေ စပြီး ကြားရပါပြီ...

ဟို၂ယောက် ပြန်လာကြတာ...ဈေးမရောက်ခဲ့ကြဘူးတဲ့ ကဲ...

မျိုးဂျတ်အောင်ရေ နင့်တူမ အောင်တယ်တော့ ဝမ်းသာလိုက်

 တာတော်...အောင်စာရင်း ကြည့်ရင်း မျက်ရည်တောင် ကျ 
တယ်ဟယ်....

ဟုတ်လားမမမြ ဝမ်းသာလိုက်တာ...ဂုဏ်ထူးပါလား....

အမလေးး...ငါတို့ချွေးမလေးကတော်ထှာ...ဂုဏ်ထူး၂ခုတောင်ပါ 

တယ်တော့်...

ဟယ်ဟုတ်လား မိချိုရေ ...မိမေ အောင်တယ်တဲ့

မောင်တွေကတော့ အဲ့အချိန် လမ်းထိပ်ကလ္ဘက်ရည်ဆိုင်မှာ 

 ဖြတ်သွားသမျှတွေကို လ္ဘက်ရည်တိုက်နေတာ...ဘေဖွင့်ပြီး
 

မိတင်မြင့်ရေ...တော့်သမီး အောင်တယ်တော့် ဂုဏ်ထူး ၂ခု
တောင်ပါတယ် သင်္ချာ အင်္ဂလိပ် တဲ့ညည်း တခုခုလုပ်ကျွးအေ
အမှတ်တရ

ဟုတ်လား ဝမ်းသာလိုက်တာတော်...လုပ်မယ် လုပ်မယ်...တော်တို့ 

ဘာကြိုက်လဲ ကျုပ်လုပ် ကျွေးမယ်တော်.....

တနင်္ဂနွေနေ့ အုန်းနို.ခေါက်ဆွဲ ချက်အေ...ကျုပ်တို့ ၃ယောက် အတူတူချက်ကြတာပေါ့ကျုပ်တို့လဲစိုက်မယ်တော်ချွေးမလေး

အတွက်....ဒါနဲ့မိမေရော

အိပ်တုန်းတော်ရေ. ခုထိမထသေးဘူး......ဒီနေ့ သူ့အောင်စာရင်း မထွက်သလိုပဲ....


တလမ်းလုံး တအိမ်လုံး ကြွက်ကြွက်ညံ နေတာ....မနက် ၉နာရီ 

 ကျတော့ မေမေက...ညီမလေးကို  မော်သန့် ငါ့ကိုတံမြက်စည်းရိုး
 ပေးစမ်း ဟိုကောင်မ ခုထိမထသေးဘူး လို့ပြောသံကြားလို့
မေမေ နူး နိုးနေပြီဆိုလူးလဲထပြီး.....ဝရံတာထွက်..အပျင်းကြော
ဆန့်တော့ ဒေါ်ငရုပ်သီးတို့၂ယောက် အားရဝမ်းသာနဲ့ အလုအယက်

မိမေ ညည်းအောင်တယ် သိလား ဂုဏ်ထူး ၂ခုတောင် ပါတယ် 

သင်္ချာ အင်္ဂလိပ် တဲ့....ငါတို့မနက်အစောကြီး ထသွားကြည့်ကြတာ

ညည်းဖိုးအေ ဆိုရင်လေ ရှေ့ဆုံး အောင်စာရင်းစာရွက်နားက 

မခွာပဲ သူများတွေကိုပါ ကြည့်ပေးရင်း ကြွားနေတာများအေ....
သူ့မြေးအောင်ကြောင်း.......

မမြင်၇တဲ့သူတွေသူ့ကို ခုံနံပါတ်ပြော နာမည်ပြော သူကြည့်ပေး

မယ် သူကတော့ မြေးလေးနာမည်ကို ကြည့်လို့မဝသေးလို့
 ရှေ့ဆုံးက မဖယ်ပါရစေနဲ့ ဆိုပြီး တော်ရေ့ ပိုကိုပိုတယ်....

ကဲ မိမေ ရေ ညည်းစာမေးပွဲအောင်တာ တခုခုတော့ လုပ်အေ...

ပြော ကျုပ်တို့ကို ဘာကျွေးမှာလဲ.....မကျွေးလို့တော့ မရဘူး
တော်ရေ့ ...

အော်.....လူတွေ လူတွေ တယ်လဲ တရားကျဘို.ကောင်းတယ် တတ်လဲတတ်နိုင်ပါ့ မပြောတော့ဘူး ...နူး ဆယ်တန်းစာမေးပွဲ

ဖြေခါနီး ...အသဲအသန် စာတွေရှာ နေ့မအိပ်ညမအိပ် စာတွေ
ကျက် မျက်ဖြူ စိုက်ပျာယာ ခတ်နေစဉ်အချိန်တွေ တုန်းကတော့
 ဘယ်သူမှ လာကူဖော်မရပဲနဲ့ သူများကြိုးစားလို့ အောင်တော့ 
အရံသင့် အချောင် စားချင်ကြတယ် ဟုတ်လားမကျွေးနိုင်ပါဘူး
ဘာမှ.....ဟွန်းးး

အမလေး ကြားကြရဲ့လားအရပ်ကတို့ရေ....ကျုပ်တို့ကတော့ လင်ကို

တောင် ရုံးသွား ထပြီး မပြင်ပေး ဖူးဘူး....အစောကြီး ထပြီး သူ့
အာင်စာရင်း သွားကြည့်ရတယ်...ငါတို့မှာတော့ ပျော်လာလိုက်တာ
ဟင်....ခုတော့ ရင်ဝကို ဆောင့်ကန်တယ်....

ငါတို့ကတော့ လင်တွေ မသိအောင် ခိုးစုထားတဲ့ ပိုက်ဆံလေးနဲ့ 

သူ့တွက် အမှတ်တရလုပ်ပေးဘို့လုပ်နေမိတာ....သူကတော့
 ပြောရက်လိုက်တာ ..

ဒီမှာ ...မိတင်မြင့် ဘုရာစူးရစေရဲ့ညည်းလုပ်တဲ့ အုန်းနို့ခေါက်ဆွဲ

 လာစားမိရင်..ဒီပါးစပ် နူပါစေတော်.....မစားဘူးတော်ရေ မစား
ဘူးဟေ့..

ဟင်...ဝါသန့် ပေးစမ်း ငါ့ကို တံမြက်စည်းရိုး ဟိုကောင်မ ရိုင်းစိုင်း

နေတာ.....ငါသူ့ကိုမလုပ်ရရင် ငါ့ကိုယ်ငါ တခုခု လုပ်မိလိမ့်မယ်.....
ဟင်း ဟင်း ငါဒေါသထွက်လို့သေတော့မယ်....လာစမ်းမိမေ
 ညည်းကိုဘယ်သူက ဒီလို ရိုင်းစိုင်းအောင်သင်ပေးခဲ့တာလဲ....
ဟင်...ငါတို့မျိုးရိုးမှာ ဒီလို အရိုင်းအစိုင်း မရှိဘူးဟဲ့ သိရဲ.လား...

မေမေကလဲ နူးက စနေကျ ကို....ဒါလေးပြောတာ....

ဘာ ဒါလေးလဲ...ငါ့ကိုဘာမှ မိကျောင်းမင်း ရေခင်းပြမနေနဲ့ လူတွေ

က ညည်းကို ချစ်ကြတာကို ညည်းမို့ စေတနာ ပျက်အောင်....


မိကျောင်းမင်း ရေခင်းပြတာမဟုတ်ပါဘူး မေမေ....နွားရှေ့

ထွန်ကျူးတာပါ.....
ဟင်..ပြောလေကဲလေ.....လာစမ်း ကဲဟာ......ကဲဟာ.....

မိုက်ရိုင်းအုန်း....
 
အဲ့တာနဲ့ မေမေလဲ အော်တန့်ကို ရိုက်တာ တံမြက်စည်းရိုးတချောင်း
 လုံးကိုကုန်ရော..အော်တန်လဲ ၃ရက်တိတိ အိပ်ယာထဲက မထ
နိုင်ဘူး....အနာရှိန်နဲ့ ဖျားတာလေ။ညနေကျတော့ ကြီးမြနဲ့ ဒေါ်
ငရုပ်သီး ...ဆေးဗူးတွေ မုန့်တွေနဲ့ အော်တန့်အခန်းကို တက်လာ
ကြတယ်..အရှိုးရာတွေလဲတွေ့ရော..မျက်ရည်လေး တစမ်းစမ်းနဲ့

နှစ်ယောက်သား......

ဖြစ်ရလေခလေးရယ်.....ကြီးမြတို့လုပ်လို့ငါ့သမီးလေး....ဆယ်တန်း

အောင်တဲ့နေ့မှာ အရိုက်ခံရတယ်....မိတင်မြင့် တော်က အမေ
အရင်းမှ ဟုတ်ရဲ့လားဟင် ကျုပ်တို.တူဝရီးတွေက အမြဲတမ်း 
ဒီလိုပဲ ရန်ဖြစ် နေကျကို ညည်းက ခလေးကို မိထွေးနှိပ်စက်နည်း
 နှိပ်စက်နေတယ် ကြည့်စမ်းပါအုံးအေရိုက်ထားလိုက်တာ မြင်မ
ကောင်းဘူး......

တတ်လဲ တတ်နိုင်တဲ့ မိန်းမတွေတော်....တော်တို့လုပ်လို့ ဒီဟာမ

 ရောင့်တက် နေတာ.။ဟွန်း ...မနက်က သူ့ဖိုးအေလဲ သူ.မြေးကို
ရိုက်ရပါ.မလားလို့လေ အိမ်ပေါ်ကဆင်းသွားတယ်။ဒီဟာမကို
 ငယ်ငယ်ထဲက မြှောက်ပေးခဲ.တာ သူ.အဖိုး ကြီးလာတော့
တော်ကြီးတို့နှစ်ယောက် ဘယ့်နှယ်တော် အပျို လေးဖြစ်ပြီး 
ပါးစပ်ကိုကြမ်းတယ်။

ခလေး...ခလေးရဲ့ ဆယ်တန်းအောင် အမှတ်တရ ကို ကြီးမြနဲ့ 

ငရုပ်သီးကိုယ်တိုင် လုပ်ပေးမယ်သိလား....၀မ်းမနည်းနဲ့နော်....
မိတင်မြင့်တော်တပြားမှထည့်စရာမလိုဘူး...ငါတို့ သမီးလေး 
အတွက် ငါတို့ဖာသာ လုပ်မယ်။

အဲ့လိုနဲ့ .အော်တန် ဆယ်တန်း အောင်တဲ့နေ့မှာ မှတ်မှတ်ရရ 

တံမြက်စည်းရိုး တချောင်းကုန်ပြီး ၃ ရက် ဖျားအောင် ရိုက်ခံ
ခဲ့ရပါတယ် ရှင်.....


˜º̶̶ƷʌuτuмиƸ̶º˜˜

16 comments:

  1. ဟဟဟ... ရီရတယ်.. ပျော်လည်း ပျော်ဂျာကြီးနော်.. :D :D

    ReplyDelete
  2. ဟင်..အော်တန့်အမေက..မိတင်မြင့်တဲ့လား :P
    တံမြတ်စည်းကလည်း..တစ်ချောင်းတည်းကုန်တယ်လား
    အကုန်အကျနည်းထှာအေ :))
    (အတော်ဆိုးတာပဲ..ရုပ်လေးကချောချင်ရဲ့သားနဲ့း)

    ReplyDelete
  3. များဘီ များးဘီ.....တီမီးရိုက်ခံရတာကိုတဂျားလုံးလေးက
    ပျော်ချာဂျီးတဲ့....ထုလဲတူကတမြက်စည်းတချောင်းထဲလားတဲ.
    အရီးးးး (နာငိုတာလှလားဟင်).....တနားမလားလို.ရေးမိ
    ပါတယ်...စက်ရက်လိုက်ကြတာ.....ချိတ်နာဒယ်...
    ဖြတ်တယ်အေ...၂ယောက်လုံးကို ဒုတ် ဒုတ် ....
    [ မှတ်ချက်။ ။ တဂျားလုံးလေးနဲ.အမည်မတိ
    နှစ်ယောက်နဲ.အော်တန်နဲ.ဆက်ထားတဲ.သံယောဇဉ်
်ကြိုး၂ချောင်းကို ဓါးမနဲ.ခုတ်ဖြတ်သံ ] ဟွန်းးး

    ReplyDelete
  4. နည်းတောင်နည်းသေးတယ်ဖြစ်နိုင်ရင်တံမြတ်စည်းဆိုင်ကန်ထရိုက်ဆွဲပေးထားချင်တာ..ဟွန့်....

    ReplyDelete
  5. ဟုတ်တယ်အနော်လဲအားပေးတယ်။
    ရိုက်ခံရတာနဲတောင်နဲသေးတယ်။
    ဆိုးမှဆိုး။ဒါတောင် ဒီလောက်ရိုက်နေလို့နို့မိုဆို
ိုနူးနူးတို့ကတော့ ဟင်းဟင်း.......................။

    ReplyDelete
  6. ဆယ်တန်းအောင်တဲ့ နေ့မှာငရုပ်သီးနဲ့ ဂုဏ်ပြုတာ ရယ် တံမြတ်စည်းနဲ့ဂုဏ်ပြုတာရယ် ကိုကြည့်ရင် တော်တ်ေဆိုးတဲ့ အော်တမ်ပဲ နာသာ အဲ့နားမှာဆို တံမြတ်စည်း တစ်ချောင်းပြီးတစ်ချောင်းယူပေးမှာ ဟိဟိ
    ပျော်ရွှင်ပါစေး)

    ReplyDelete
  7. အော်တန် တို့  ကတော့  လုပ်လိုက်ရင်ဒီလိုကြီးပဲ.........မသနားဘူး အေ......:D

    ReplyDelete
  8. ဟင်... ဒီတခါ တမြက်စည်းတချောင်းကုန်ယုံပဲလား
    (၂)ရက် အခန်းထဲမှာ ဘာမှမကျွေးပဲ ပိတ်ထားနေကျလေ။
    မပိတ်ထားဘူးလား? ရိုက်ရုံတင်ပဲဆိုရင်တော့ အထာမကျဘူးအေ
    ဒီလောက်ဆိုးသွမ်းတဲ့ နူးမ ကို ဟွန်း။

    ReplyDelete
  9. နာတဘောပေါက်တွားဘီ...နာ.ကိုတော်တော်ချစ်ကြတယ်ဆိုတာ..ဟွန်း
    အော်တန် ဒီနေ.ကစပြီးစာမေ၇းတော.ပါ
    ရီးစားပဲထားတော.မယ်...ဟွန်း
    နာ.ကိုကွန်မင်.တဲ.မောင်တွေ တွေ.မယ်...ချိတ်နာတယ်

    ReplyDelete
  10. ဟယ်..ဒုတ်ကောက်ပါလား..ကြည်စန်းကြည်စန်း
    အော်တန်လေးကို..ဘယ်ဒူတွေက.
    ပြောကြတာလဲ..ကလေးကို.အနိုင်ကျင့်နေကြတယ်လား
    အန်တီမြင့်ရေ..ဒီမှာ.အန်တီမှာထားတဲ့
    ထားဝယ်ကြိမ်.ဆယ်ချောင်း
    ယူလာတယ်ရှင့်..းP
    ဂုဏ်ထူးနှစ်လုံးအတွက်..ကွန်ဂရက်ကျူရေးရှင်းပါရှင် :)

    ReplyDelete
  11. အရမ်းကောင်းတယ်...ပျော်စရာကြီး....လာအားပေးသွားတယ်နော်အမ...

    ReplyDelete
  12. တားလဲလိုက်မယ်မမမေ ..လာလည်ပါတယ်။လူမိုက်လေး

    ReplyDelete
  13. တော်လိုက်ထှာ.. နာ့အစ်မက.အသစ်မရေးတော့လည်းအဟောင်းဖတ်ရတာပေါ့ဗျာ..

    ReplyDelete
  14. တော်သေးတာပေါ့ စိတ္တသုခလမ်း ဈေးနားမှာ အိမ်ဝယ်ထားပြိး မနေမိလို့ ( ရပ်ကွက်ထဲမလဲဆူညံဆူညံ -လွမ်းမိုး ) ဆိုတာ ဒီဟာမလေး ဘဲဖြစ်မယ်

    ReplyDelete
  15. ဟားဟားးးးးးဟားးးးးးးးးးးးးးးး ကောင်းလယ်ကောင်းလယ်။ :p

    ReplyDelete