Friday 11 November 2011

ကျေးဇူးပြုပြီး....


မပြောမိပါစေနဲ့
မင်းနှလုံးသားထဲက
ဆန္ဒမပါပဲနဲ့လေ
ချစ်တယ်လို့

မဆွေးနွေးမိပါစေနဲ့
ခံစားချက်တွေအကြောင်း
ငါ့အပေါ်မှာတစ်ကယ်ခံစားချက်မရှိပါပဲနဲ့
လွမ်းတယ်လို့


မတွဲမိပါစေနဲ့
ငါ့လက်ဖဝါးတွေကို
တစ်ချိန်ချိန်မှာ
မင်းပစ်သွားမယ်ဆိုရင်ပေါ့


မကြည့်မိပါစေနဲ့
ငါ့မျက်ဝန်းတွေထဲကိုလေ
ငါနဲ့ဆုံမယ့် မင်းမျက်လုံးတွေက
လိမ်ညာနေခဲ့ရင်ပေါ့


မင်းရင်ထဲကငါ့ကို
ထာဝရလို့ရည်ရွယ်ခဲ့ရင်ပေါ့
အတူကြိုးစားရအောင်လို့
ရိုးရိုးလေးပြောလိုက်ပါ


တစ်ဘဝလုံးအတွက်
ထာဝရလို့တော့မပြောလိုက်ပါနဲ့
အဲ့ဒီထာဝရဆိုတဲ့စကားလုံးက
ငါ့ကိုမျက်ရည်နဲ့ပဲ

အမြဲဇာတ်သိမ်းစေလို့ပါ.....



˜º̶̶ƷʌuτuмиƸ̶º˜˜



6 comments:

  1. မဂျက်ကိုလဲတစ်ကယ်မခင်ပဲနဲ့
    ရင်ထဲကမပါပဲ ခင်တယ်လို့မပြောနဲ့နော်
    ချစ်တဲ့ မဂျက်(မုန်လာထုပ်)

    ReplyDelete
  2. မပြောမိပါစေနဲ့
    မဆွေးနွေးမိပါစေနဲ့
    မတွဲမိပါစေနဲ့
    မကြည့်မိပါစေနဲ့
    မျက်ရည်နဲ့ပဲ
    အမြဲဇာတ်သိမ်းစေလို့ပါ..... :-)

    ReplyDelete
  3. မှောင်ရေသွားကြစို့..ကျမတို့ရဲ့အညား)
    ကဗျာဖတ်ရင်း.သတိရလို့ကောက်ဆိုလိုက်တာပါးP
    ရင်ထဲကလာတဲ့.ခံစားချက်တွေမှန်ရင်
    တောင်းတဲ့ဆုနဲ့..ပြည့်ဝပါစေရှင်
    ခင်မင်လျှက်
    သာမီးစံ

    ReplyDelete
  4. အော်တန်တစ်ယောက် အဲဒီအပြော၊ အဲဒီအကြည့်၊ အဲဒီဆွေးကိုရှောင်ရှားပြီး စစ်မှန်တဲ့ အပြော အကြည့် အဆွေးလေးတွေကို ရယူပိုင်ဆိုင်နိုင်ပါစေကွယ်..

    ချမ်းမြေ့ပါစေ
    ချယ်ရိမြေ

    ReplyDelete
  5. နောက်တစ်ခါ တကယ် ကံကောင်းပါစေ... :D

    ReplyDelete
  6. ဒုတိယကြိမ်မြောက်ကို..ဒုတိယမှလွမ်းတယ်လာဖက်သွားပါတယ်နော်

    ReplyDelete