Wednesday 9 November 2011

ကောင်းကင်ရဲ.ဒဏ္ဏာရီ



ကောင်းကင်လေးရေ..
မင်းရဲ့ဘဝလေးကိုအားကျမိတယ်ကွာ..
မင်းဟာအံ့သြစရာကောင်းလောက်အောင်
ပြီးပြည့်စုံနေလို့လေ....

မင်းရဲ့ရင်ခွင်မှာမြူးတူးပျော်ပါးနေကြတဲ့
တိမ်တိုက်လေးတွေကို...
မိုးစက်လေးတွေအဖြစ်ပြောင်းလဲပြီး
လောကကြီးစိမ်းလန်းအောင်
မင်းလုပ်ပေးတတ်တယ်..

မင်းရဲ့မှော်အတတ်နဲ့
ခုနှစ်ရောင်ခြယ်သက်တန့်လေးဖန်ဆင်းပြီး
လောကကိုအလှဆင်ပေးတယ်..
ငါတို့တွေကလဲ သက်တန့်လေးကိုကြည့်ပြီး
ပျော်မြူးကြတယ်လေ

ညရောက်ပြန်တော့လဲ
လောကကြီးအထီးမကျန်ရအောင်
လမင်းလေးကိုဖန်ဆင်းပြန်တယ်
ပြီးတော့ မင်းရဲ့ရင်ခွင်ထက်ကြယ်လေးတွေ
ဖြန့်ကျက်လိုက်တဲ့အခါ...
ညချမ်းလေးဟာ အေးမြပြည့်စုံသွားရတယ်

ကမ္ဘာလောကကြီး
အသက်ဝင်နိုးထဘို့အတွက်
မင်းကိုယ်မင်းစတေးလို့မင်းရဲ့ရင်ခွင်ထက်မှာ
ပူပြင်းတဲ့နေမင်းကြီးကိုဖန်ဆင်းလိုက်တဲ့အခါ
လောကတစ်ခုလုံးစည်းချက်ညီညီကခုန်ကြတော့တယ်..
မင်းကအဲ့ဒီလိုလဲ အနစ်နာခံတတ်သေးတယ်လေ..

ဘာပဲဖြစ်ဖြစ် ကောင်းကင်လေးရေ
ငါဆိုတဲ့ ဆောင်းဦးရာသီလေးဟာလဲ
မင်းဖန်ဆင်းပေးတဲ့အတွက်
လောကကိုအလှဆင်ခွင့်ရခဲ့တာလေ...
ကြည်နူးမိပါတယ်...မင်းအရိပ်အောက်မှာခိုလှုံခွင့်ရလို့လေ....

˜º̶̶ƷʌuτuмиƸ̶º˜˜

(ချစ်စွာသောတူလေးကောင်းကင်အတွက် )

7 comments:

  1. မရောက်တာကြာလို့ မရောက်ဘူးလို့မထင်နဲ့နော်......
ေိေိ.........စိတ်ကရောက်နေပါတယ်.........
    လာရောက်ကြည့်ရှုလေ့လာမှတ်သားသွားပါကြောင်း........

    ReplyDelete
  2. တူလေးအတွက်ကဗျာကို
    တီတီဂျက်လဲ ခံစားခဲ့ပါတယ်ရှင်
    ဓါတ်ပုံလေးပါတင်ပါလား....

    ReplyDelete
  3. တူချစ်လေးက
    ခုမှအသစ်စက်စက်လေး
    ဓါတ်ပုံရတေးဝူး..ချောတီး
    မွေးပြီးတာ တပတ်ပြည်.တေးဝူး

    ReplyDelete
  4. ကြိုဆိုပါတယ် ကောင်းကင်လေးရေ

    ReplyDelete
  5. တူလေးဆိုတော့..စိတ်ဝင်းစားသကွယ်း))
    သယောဇဉ်တွေ.သိပ်မတွယ်နဲ့လေ
    တော်တော်ကြာ..ဒီတူလေးထိန်းရင်းနဲ့..မစွံတော့ရင်
    ဒုတ်ကောက်နော်းP

    ReplyDelete
  6. ƷʌuτuмиƸ ကို တီတင့်ဘယ်လိုခေါ်ရမလဲကွယ် ဖတ်တတ်ဘူးး)
    mts & mtz လား။ ပြောအုံးနော်။ ကောင်းကင်ရဲ့ဒဏ္ဏာရီလေး ခံစားသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. တူတွေအတွက်တော့ရေးနေတယ်...
    ရည်စားတွက်ေ၇းတော့ဘူးလားအပျိုကြီးရေ....

    ReplyDelete