Wednesday 26 October 2011
ရည်ရွယ်သူ.....သို.
ဖတ်ကြည့်ပါရစေ...
မင့်မျက်လုံးတွေက ပြောနေတဲ့..
မင်းကို နာကျင်စေတဲ့ အရာတွေ နဲ့
မင်းမျက်နှာလေးကို ပြိုကျစေတဲ.
အရာတွေအားလုံးကိုလေ
ငါသိချင်နေခဲ.တာ...
ခံစား ကြည့်ခွင့် ပေးပါ...
မင်းရင်ထဲဝင်ပြီး...ဘုရားသ္ခင်ပေးတဲ့...
ဖြူစင်နူးညံ့တဲ.သွေးတွေ..စီးဆင်းနေတဲ့...
မင်းရဲ.အသဲနှလုံးလေးကိုပေါ့......
ခနလောက် လေးပါပဲ
နေကြည့်ခွင့်ပေးပါ...မင်းရဲ.စိတ်ကူး..
မင်းရဲ.အတွေးတွေထဲမှာ....
ဖြည်.ဆည်းပေးချင်လို.ပါ
မင်းရဲအိမ်မက်တွေကိုလေ....
ပြီးတော့မင်းရဲ့နှလုံးသားထဲက
နာကျင်မှုတွေကိုလဲ...
ငါ.ရင်ထဲကိုရှူသွင်းလိုက်ချင်လို.ပါ...
နားလည်ချင်လိုက်တာ....
မင်းမျက်နှာ..မင်းမျက်ဝန်းတွေကပြောတဲ့...
အချိန်တိုင်းမင်းခံစားနေရတာတွေ.....
နာကျင်မှုတွေနဲ့...မင်းရဲ.
နှလုံးသားဒါဏ်ရာတွေကိုလေ...
ခွင်.ပြုပါကောင်လေးရေ..
မှောင်နေတဲ့မင်းရဲ့ဘ၀လေးထဲကို
ဝင်ကြည့်ဘို့လေ..ပြီးတော့
ငါ့ကိုပြောပြပါ..ဘယ်အရာတွေက
မင်းရဲ့ကမ္ဘာကို အေးခဲစေတာလဲ ဆိုတာ..
ငါ.ရဲ.အပြုံးတွေနဲ့မင်းရဲ.
သောကတွေကို အေးငြိမ်းစေချင်တယ်...
အေးစက်နေတဲ.မင်းရဲ.လက်လေးကိုဆုပ်ကိုင်လို့...
မင်းကိုနေရောင်ခြည်တွေဆီအရောက်ခေါ်သွားပါ.မယ်.....
ပြီးတော.ငါပိုင်ဆိုင်တဲ.ဖြူစင်ရိုးသားခြင်းတွေနဲ့.....
မင်းရဲကမ္ဘာလေးငြိမ်းချမ်းဘို.အတွက်
ထာဝရပေးဆပ်နေပါရစေ
သူငယ်ချင်းလေးရေ...
˜º̶̶ƷʌuτuмиƸ̶º˜˜
7 comments:
  1. အဖြူရောင်လေးကိုဆေးလည်းမဆိုးနဲ့
    အရောင်ပြယ်လွင့်အောင်လည်းမင်း...မလုပ်နဲ့
    အဖြူထည်လေးရဲ့တိုင်းပဲ..ထားကွယ်
    သူငယ်ချင်းရယ်..(ပုံ..ဆုန်သင်းပါရ်း)
    ကြိုးစားထားသယ်ရင်းရေ..နောင်နှစ်သတင်းကျွတ်အမှီး)
    ဘယ်သူအရင်ဦးဦးအေ..နော်းP
    ဒီကဗျာလေးကို..သူငယ်ချင်းကောင်လေးကြားရင်တော့
    ချက်ချင်းဟတ်ထိသွားနိုင်တယ်နော်း)
    သူငယ်ချင်းမှသည်...ချစ်သူဆီသို့..
    ပျော်ရွှင်ချမ်းမြေ့စွာ..ခရီးဆက်နိုင်ပါစေရှင်
    လှိုက်လှဲစွာ..ဆုတောင်းပေးပါရဲ့ :P
    ချစ်ခင်စွာဖြင့်
    ReplyDelete
  2. အရာအားလုံးကိုတော့ခွင့်ပြုပါတယ်
    ခွင်.ပြုပါကောင်လေးရေ..
    မှောင်နေတဲ့မင်းရဲ့ဘ၀လေးထဲကို
    မှောင်နေတဲ့ ဘ၀ထဲကိုတော့ မ၀င်ပါနဲ့လို့။
    ReplyDelete
  3. အင်း.. အမှောင်ထဲက သူတယောက်ကို အလင်းထဲခေါ်ချင်တဲ့ လက်တစ်စုံကို လေးစားတယ်.. :)
    ReplyDelete
  4. အရမ်းကောင်းပါတယ်ခင်ဗျာ.........
    ReplyDelete
  5. ကဗျာလေးကောင်းတယ်ဗျာ...စာသားလေးတွေအရမ်းဖက်လို့ကောင်းတယ်
    အော်တန်ဆိုတော့..မိန်းခလေးဖြစ်မယ်ထင်တယ်သူများတွေကကောင်လေးလို့
    ခေါ်နေကြတယ်နော်ဟီးဟီး...ကျွန်တော်ရောဘယ်လိုခေါ်ရမလဲ...
    ReplyDelete
  6. ဖတ်ကြည့်ပါရစေ....
    ခံစားကြည့်ခွင်းပေးပါ....
    ခနလောက်လေးပါဘဲ.....
    နားလည်ချင်လိုက်တာ.....
    ခွင့်ပြုပါကောင်မလေးရေ.........
    ReplyDelete
  7. ခံစားမှုလေးတွေ ဖြေသိမ့်နိုင်ပါစေဗျာ
    လာလာဖတ်ပါ့မယ်ဗျာ
    ReplyDelete