Thursday 24 November 2011

မောင်...



ချစ်ရတဲ့မောင်....
အိပ်မက်မဟုတ်တဲ့...အတိတ်က...
ချစ်ခဲ့ခြင်းတွေအတွက်တော့...
ကျမတယောက်တည်း....လွမ်းမပြေဖြစ်နေခဲ့တာပါ....
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်....
သောကတွေကင်းတဲ့...ချစ်ခဲ့တဲ့အတိတ်ကနေ့ရက်တွေကို
ပြန်လိုချင်မိတယ်...မောင်ရယ်....



အခုချိန်များမှာတော့..မောင်ရယ်
ကျမတယောက်တည်း..အလွမ်းတွေခင်းတဲ့....
အထီးကျန်ခြင်းလမ်းမပေါ်မှာ...တ၀ဲလည်လည်နဲ့...
နှလုံးသားတွေစတေးခဲ့တဲ့...အတိတ်ကဖြစ်ရပ်တွေထဲက...
ရုန်းမထွက်နိုင်သေးဘူးမောင်.....



မောင့်အတွက်...ကျမနှလုံးသားက
ကစားစရာဖြစ်ခဲ့တော့...မုန်းရမဲ့အစား...
ငိုကြွေးခြင်းနဲ့သာဖြေသိမ့်ခဲ့တာပါမောင်...တကယ်တော့
ကစားခဲ့တဲ့မောင့်မှာလဲအပြစ်မရှိသလို...
ချစ်ခဲ့တဲ့ကျမမှာလဲအပြစ်မရှိပါဘူး...


လွမ်းရအောင်ဖန်တီးခဲ့တဲ့...
နှလုံးသားရဲ့စေညွှန်ချက်တွေကြောင့်ဖြစ်ခဲ့တဲ့...
အသဲကွဲရခြင်းကို..ကျမတယောက်ထဲမျက်ရည်မိုးတွေနဲ့သာ...
ဖုံးကွယ်ထားရင်း...ရင်နှင့်အမျှချစ်ရတဲ့...
မောင်ကို...ထာဝရလွမ်းနေမယ်..မောင်......


˜º̶̶ƷʌuτuмиƸ̶º˜˜




7 comments:

  1. လွမ်းရအောင်ဖန်တီးခဲ့တဲ့...
    နှလုံးသားရဲ့စေညွှန်ချက်တွေကြောင့်ဖြစ်ခဲ့တဲ့...
    အသဲကွဲရခြင်းကို..ကျမတယောက်ထဲမျက်ရည်မိုးတွေနဲ့သာ...

    ခံစားရတယ်ကွယ်း))

    အဆင်ပြေလား..နေကောင်းလား.အော်တန်
    သတိရနေပါတယ်
    ပျော်ရွှင်ပါစေရှင်.

    ချစ်ခင်စွာဖြင့်

    ReplyDelete
  2. ရာသီတွေပြောင်းနှစ်တွေဟောင်းလဲ
    မပြောင်းနိုင်တာ မေ့အချစ်သာ ပေါ့ ဟုတ်လားး)

    အော်တွန်ရေ ပိုစ့်မတက်လို့လာလိုက်မှတွေ့တယ် ဆောရီးပါနော်

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  3. အင်း..အကုန်လွမ်းနေကြပါလား..ငါလည်း လွမ်းအုံးမှပဲ.. :D
    အဲဒီ ဓါတ့ပုံထဲကလို ထိုင်နေတဲ့ အဖျားလေးကနေ ခုန်ချကြည့်ပါလား.
    လွမ်းတာတွေများ ပျောက်မလားလို့ ... :D

    ReplyDelete
  4. မောင့်အတွက်...ကျမနှလုံးသားက
    ကစားစရာဖြစ်ခဲ့တော့...မုန်းရမဲ့အစား...
    ငိုကြွေးခြင်းနဲ့သာဖြေသိမ့်ခဲ့တာပါမောင်...တကယ်တော့
    ကစားခဲ့တဲ့မောင့်မှာလဲအပြစ်မရှိသလို...
    ချစ်ခဲ့တဲ့ကျမမှာလဲအပြစ်မရှိပါဘူး...


    လှလိုက်တဲ့စာသား...မိုက်တယ်ဗျာ...မောင်ကဗျာရေးတာတော့ဟုတ်ပါပြီ...
    အူကြောင်ကြောင်လုပ်ပြီနော်အမ...နင်ပေါက်ကရလုပ်ရင်ငါလာဆဲပြီ...
    ဒါပဲ...

    ReplyDelete
  5. ရင်တွင်းကဗျာလေး လာရောက်အားပေးသွားတယ် မေသန့်ရေ။ စာသားလေးတွေ လှတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. မောင်နေရာမှ လာရောက် ခံစားသွားပါတယ်.........:D

    ReplyDelete
  7. သနားမိတ၇်

    ReplyDelete