Sunday 9 October 2011



မချစ်ကြလို့ မဟုတ်ပါဘူး

..
အချစ်လွန်လို့ ..
ဒဏ်ရာတွေ ကျန်ခဲ့တာပါ
ဝေဒနာတွေ
ဖြစ်ခဲ့တယ်ဆိုရင်လဲ
ဂရုဏာနဲ့ နားလည်ပေးပါ

ဝေးကြတော့မယ်လား
..
ချည်ထားတဲ့
သံယောဇဉ်ကြိုးတွေကြားက
ရုန်းသွားဖို့ ..
ခွန်အား..
ရှာမရသေးပါဘူး

ဟိုး.. တချိန်ကလို
..
ကာရံညီတဲ့
ရင်ခုန်သံ တီးလုံးတွေရဲ့
နောက်ဆက်တွဲ အပြုံးတွေလဲ
အမြဲပဲ..
ရနေချင်သေးတယ်



No comments:

Post a Comment