Sunday 9 October 2011

အဖြူရောင်တိမ်တိုက်ငယ်



အဖြူရောင်တိမ်တိုက်ငယ်....  


ကောင်လေးမင်းသိရဲ့လား....
ချစ်ခြင်းတွေအမျိုးမျိုး..ရှိတယ်..
ဒါပေမဲ့...ဘာအရောင်မှမဆိုးတဲ့....
ချစ်ခြင်းမေတ္တာ၅၂၈ကိုတော့....
လူတိုင်းမပေးနိုင်ပါဘူး...

လူတိုင်းမပေးနိုင်တဲ့ချစ်ခြင်းမျိုး...
ငါပေးအပ်ခဲ့တာလေ...
မင်းမှမသိပဲ...ကောင်လေးရေ...

လူတိုင်းကတော့အရောင်အမျိုးမျိုးတွေခြယ်သချင်ကြပေမယ့် ....
ငါ့အတွေးမှာတော့မင်းအတွက်အဖြူရောင်လေးပဲထားချင်တယ်....
ပက်ဝန်းကျင်ကလူတွေဘယ်လိုမြင်နေပါစေ...
ငါတို့ချစ်ခြင်းတွေဖြူစင်တာ..
ငါတို့ပဲသိတယ်နော်ကောင်လေး...

မင်းအတွေးမှာငါအမြဲတမ်းရှိသလို...
ငါ့အတွေးမှာ....မင်းကိုအချိန်တိုင်းသတိရပေးနေမိတာ...
ငါကိုယ်တိုင်လဲသိပါတယ်...

ငါရဲ့အဖြူရောင်တိမ်တိုက်လေးတွေမှာ....
မင်းပျော်မြူးနေတိုင်း...
အေးမြတဲ့အရိပ်တခုငါပေးခဲ့မိပါလားလို့...
ငါပီတိဖြစ်မိတယ်...

ညစ်စုတ်စုတ်အရောင်တွေနဲ့ဖုံးဖိချင်နေကြတဲ့...
လူတွေကြားမှာ... ငါတို့တွေဖြူစင်ရိုးသားခဲ့တာ...
ငါတို့ပဲအသိလေ...
ထာဝရအဖြူရောင်လေးလို့...
ငါတို့တွေးထားခဲ့သလို...
တည်မြဲအောင်..ငါတို့တွေရဲ့သံယောဇဉ်လေး..
တွေတိုးထပ်ရစ်နှောင်ကြမယ်နော်....
သေချာတာကတော့...မင်းနဲ့ငါဘယ်အကြောင်းကြောင့်မှ
မဝေးဘူးလေ..နော်....


˜º̶̶ƷʌuτuмиƸ̶º˜˜

No comments:

Post a Comment