Sunday 23 October 2011

မြို့ဟောင်း......






ငါ့ကိုအားလုံးက ၀ိုင်းတားကြတယ်....
အဲဒီမြို့ ဟောင်းကြီးထဲကို မဝင်ပါနဲ့ ...
မင်းအတွက် ဆွေးမြေ့နေတဲ့ အချစ်နဲ့
အလွမ်းတေး တွေပဲ ရှိနေမှာပါတဲ့


ဒါပေမယ့် ချစ်သူ
ရှေ့မှာ ခရောင်းလမ်းတွေ 
ရှိနေရင်လည်း...မတားပါနဲ့.. 
ဆူးတွေ ခင်းထားရင်တောင်..
အချစ်တွေ သယ်ဆောင်လာခဲ့အုန်းမှာပါ


ကောင်းကင်က နတ်ဘုရားတွေ
ငါ့ကို ဆင်းတားစမ်းပါစေ
အဲ့ဒီလမ်းကို ဘဲတစ်ဘဝလုံးစာ အတွက်
ရွေးချယ်သွားပါရစေ ချစ်သူ..
 ငါရှောင်ဖယ် သွားမှာ မဟုတ်ဘူး


  ယုံကြည်ချက် 
အလင်းတန်း တွေကို
ဆုပ်ကိုင်လို့ ဒို့နှစ်ယောက် အတွက်
လှပတဲ့ အနာဂတ်သစ် တွေနဲ့အတူ
ငါလှော်ခတ်လို့ မင်းဆီကို
အရောက် လာခဲ့မယ် ချစ်သူ......


˜º̶̶ƷMTSMTZƸ̶º˜˜




13 comments:

  1. မသွားပါနဲ့ဆိုတာ တားမရဘူး တားမရလဲသွားကွယ် ဟီးဟီး စတာ ကဗျာလေးမိုက်တယ် :-) :-)

    ReplyDelete
  2. ဟုတ်တယ်ဟ...မေသန့်ဇင်တော့ဟုတ်ပါတယ်နော်...
    ဘာပဲပြောပြောပါဟီးဟီး..နာကတော့အာဘွားပဲကွာ:D

    ReplyDelete
  3. အမ်း..အလိုသာချစ်သူလာမယ်ဆိုသိတ်ကောင်းမှာပေါ့နော့

    ReplyDelete
  4. ယုံကြည်ချက်အပြည့်နဲ့ပေါ့လေ.....

    ReplyDelete
  5. အော်ဒီခလေးနှယ်....ဘယ့်နဲ့ဖြစ်တာလဲ
    တားမရ ပြုမရနဲ့
    သွားချင်လဲသွားတော့...

    ReplyDelete
  6. လှော်ခတ်ပြီးတော့ လာခဲ့မယ်

    ယုံကြည်ချက်တွေနဲ့ပေါ့

    တက်ကျိုးရင် လက်နဲ့ထိုးလှော်လာခဲ့မယ်ဗျာ

    နော်..။

    ( ခံစားသွားပါတယ် ရွှတ်နောက်နောက်နဲ့ပေါ့ )

    ReplyDelete
  7. ပြင်းထန်တဲ့ ယုံကြည်ချက်မို့ အောင်မြင်မှုပန်းတိုင်က လက်တကမ်းမှာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အိုးခေ..အိုးခေ..ဗေလုဝက စောင့်နေမယ်တဲ့း)
    ပြောခိုင်းလိုက်တယ် ဟိဟိ
    လာမယ်ဆိုရင်အကြောင်းကြားပါတဲ့
    အိမ်ကမိန်းမကို ကွားထားမလို့တဲ့လေ ခွိခွိ
    စထှာနော်..သမံစီးကလည်းစိတ်မဆိုးတတ်ပါဘူး
    ကြိုက်သလိုလာပြောလှည့်နော်း)
    ကဗျာလေးကို..ခံစားမှုအပြည့်နဲ့
    အားပေးသွားပါတယ်
    ပျော်ရွှင်ချမ်းမြေ့စွာ..ချစ်သူနဲ့အမြန်
    ဆုံစည်းနိုင်ပါစေရှင်..
    ချစ်ခင်စွာနဲ့

    ReplyDelete
  9. ဟုတ်တယ် မှန်တယ် တွဲလက်တွေ ခိုင်ခိုင်မြဲနေဖို့က အဓိကပါ.. :D :D

    ReplyDelete
  10. နံပါတ် ၁၀ မြောက်ကွန်မန့်အနေနဲ့ ကိုယ်တိုင်ကွန်မန့်ပေးခဲ့ပါသည်။
    လာရောက် လည်ပတ်အားပေးကြသောသူငယ်ချင်းများအားလုံးကို
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
    :)

    ReplyDelete
  11. သြော် ခက်ပ မလှော်နဲ့တော့လေ အင်ဂျင်တပ်ဟ အဲဒါဆိုပိုမြန်တယ်း)

    ခင်တဲ့

    ReplyDelete
  12. လှပတဲ့အနာဂတ်သစ်တွေနဲ့အတူ လှော်ခတ်လို့ ချစ်သူဆီအရောက်သွားမယ့်မေလေးရေ.. နေကောင်းပါတယ်နော်..ဟဲ.. ဒီတစ်ခါတော့ မမှားတော့ပါဘူး မှတ်မိပါပြီဗျာ...

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  13. အေးမြတဲ့ အချစ်တွေနဲ့
    ရှေဆက်နိုင်ပါစေဗျာ။

    ReplyDelete