Friday, 17 January 2014

တက္ကသိုလ်တုန်းက.....(၁)



ဟိတ် ...  အီးစီ...မသေးမျှင်

အွန့်.....အားးးးးးးးးး ဘာလို့ကန်တာလဲဟ နှုတ်ဆက်တာကို

ငါလဲပြန်နှုတ်ဆက်တာလေ နောက်ကစ်နဲ့

အယုတ်တမာ.... သတ္တိရှိရင်အတန်းထဲလိုက်ခဲ့

ငါကအတန်းထဲမသွားလို့ဘယ် တင်းဂုန်းဂျိုင်းကို သွားရမှာတုန်းဟ  အတန်းကိုသွားနေတာပဲ။

ဟဲ့နင်သိပြီးဘီလားမနေ့ကကျောင်းပြန်တော့နှင်းဝေတို့စပယ်ယာနဲ့စကားများပြီး
 ထိုးကြိတ်ကြတယ်  နင်မာလာမှာဆင်းသွားပြီးမှ။

ဟိဟိ သိသားပဲ အဲ့တာ ငါလုပ်တာ ။

ဘာ !!   ဟေ့ရောင် ငါနားမလည်ဘူးသေချာရှင်းပြ ...

 သိချင်ရင်လ္ဘက်ရည်တိုက် နောက်၁နာရီ ချန်ဆယ်လာ  မှာ

ဟာ..မသေးမျှင်  အဲ့လိုတော့မလုပ်နဲ့ဟာ....ငါကတိပေးတယ်  ယောင်္ကျားကတိ
လုံးဝမပျက်စေရဘူး  ခုပြောပြကွာနော်

မနေ့ကကွာ ငါတို့ကျောင်းဆင်းတော့ငါတို့က မာလာခနသွားတာ နှင်းဝေတို့က
လှည်းတန်သွားမလို့တဲ့ ...  ၄၂ ချက်ကြီးလဲလာရောငါတို့ခင်လေးတို့က နောက်ပေါက်က
နှင်းဝေတို့အုတ်စုကရှေ့ပေါက်ကတက်ကြရော စပယ်ယာက ကားခကို အနောက်ပေါက်က
စကောက်တာ...ငါကနှင်းဝေကိုလှမ်းမေးတယ် ဟေ့ရောင်မင်းတို့ဘယ်နှစ်ယောက်လဲလို့
သူတို့ကပြောတယ် ၅ယောက်တဲ့  ငါကပြန်ပြောလိုက်တယ် ငါတို့ဟာပေးလိုက်ပြီနော်လို့
ပဲပြောပြီး မာလာရောက်တော့ငါတို့ဆင်းကြတာဟ ...။

နင်တို့ကသူတို့ဘို့ပေးလိုက်တာမဟုတ်လား အီးစီရ ...

ဟ ပေးစရာလား ...မိန်းခလေးကယောင်္ကျားလေးတွေကို ကားခ ခံရတယ်လို့   လူတွေက ဘယ်လို ထင်မလဲ ...။ သေချာစဉ်းစားပါအုန်း .. နင့်ရဲ့အင်အင်းတွေပဲရှိတဲ့ဒီဥဏှောက်ကြီးက ...။

ဘာ....နင်တို့တော်တော်အကျင့်ယုတ်ပါလားဟာ....စပယ်ယာလေးခမျာသနားပါတယ်
သူ့ခမျာကလိန်ကကျစ်ကိုဖြစ်ရော..ဟိုကောင်တွေကသိတဲ့အတိုင်းးဇောင်းတွေ.....တော်ဘီ
ဟာ..နင်တော်တော်ကြပ်တယ်..နင်နဲ့မပေါင်းတော့ဘူး ...။

အု....အားးးးးးးးးဘာလို.ကန်ပြန်တာလဲ  ငါမှန်တာပြောတာ ...။

မပေါင်းတော့ဘူးဆိုရအောင်နင်နဲ့ငါကသူငယ်ချင်းလေ ... စကားပြောတာဆင်ခြင်
 လင်မယားပဲပေါင်းတယ်မပေါင်းဘူးရှိတာ..

အဲ...

အတန်းထဲဝင်တာနဲ.သူကြော်ငြာတွေချည်းပဲ ... အီးစီ နင်ဒီနေ.အတန်းမတက်ဖူးလားး

ဒုတ် ... နေအုန်း ငါအရင်ဖတ်ကြည်.အုန်းမယ်

အားးးးးးးး ... ငါ့ညို့သကြီးတွေနာနေပြီနော် ... သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်ဟ

မေ နဲ့မိုးကျော်  ... နင်တို.နှစ်ယောက် အတန်းထဲဝင်လာတာသူပုန်ဝင် လာသလိုပဲ ဆူညံလာတာ
အေးဆေးမနေရဘူး ...ငါမပြောချင်ဘူးနော် (ခင်လေးအော်သံ )

မသေးမျှင် ... ပရစ်တီးဝူးမန်း ကိုလိုက်ခဲ့  ....
(မလိုက်ပါဖူး ငါကခေါ်တိုင်းလိုက်ရအောင်ဆိုက်ကားသမားမှမဟုတ်တာ)

မေ တိုးတိုးဖတ်ပါဟနင်ကလဲ စာမတတ်တဲ.အတိုင်းအော်ဖတ်နေတာ ...

မောင်သန့် .... ချန်ဆယ်လာမှာငါတို့ရှိနေမယ်  .... ကဗျာ စာအုတ် နမူနာယူလာတယ်
                   အမြန်ဆုံးလာဆုံးဖြတ်ပါ...။
(ဒါတော.သွားသင့်တယ် )
နင်ဒီနေ.အတန်းတက်မယ်ပြောလို.ငါလာတာနော်မေ ...
အေးပါခင်လေးရ...ငါမသွားပါဖူး

အီးစီ ... ငါ့ကဗျာလေးလဲထည့်ပေးပါဟာ နင်တို့ကဗျာစာအုပ်မှာလေ နော် အီးစီ
ငါရွာကိုပို့ချင်လို့ပါဟာ ...

ဟမ်...နင်က ကဗျာရေးတယ်လား ... ဘုရား ဘုရား မကြံကောင်းမစည်ရာ  ခနနေ အုန်းကျောက်သင် ပုန်းက အမှာစာ စာရင်း အရင်ရှင်းလိုက်အုန်းမယ် ...ပြီးရင် နင့်ကဗျာပြ ဟုတ်ပြီလားမိုးကျော်။

ကျေးဇူးကြီးလိုက်တာအီးစီရာ ... အဟီး

မ၀ယ်ဖူး ... သွားမစုံဖူး

ဘာာာာာာာာာာာာာာာာာာာာ ... နင်နော် ...ငါဆွဲထိုးမှာ..။

နင်ဘာလို. သွားဖြဲပြလဲ...


မက်ဒေါနား ... လှည်းတန်းဈေးထဲကသောက်နေကျ ကြာဆံချက်ဆိုင်ပတ်ဝန်းကျင်မှာ (၂နာရီ)
                    အထိရှိမည်..။
(မသွားဖူး ငါ့ရုပ်ကအစထဲကအလစ်သုတ်သမားနဲ့တူနေတာ ... သူတို့လိုဂျပိုးရုပ်တွေနဲ့ဆို
အဖွဲလိုက်ဖမ်းခံရမှာ)

အီးစီ ... ဂျက်ဆင်ရှေ့ကမြက်ခင်း မှာစောင်.နေမယ် ..အဲ့ဒီမှာမရှိရင် ကွန်ဗို့ ၀န်းကျင်မှာရှိမယ်
           အမြန်လိုက်ခဲ့ပါ ရေကြီးလို့
( အဲ.ကောင်တွေ တချိန်လုံးရေကြီးနေတာပဲ ... သူတို့ ရေကြီးတာရီးစားစာရေးခိုင်းမှာငါသိတယ်
မသွားဖူး)

ဒီနေ့ထီထိုးမှပါ ဗျာ .....  အီးစီဘယ်မှမသွားဖူးတဲ့ရပ်ကွက်သူရပ်ကွက်သားတို့ရေ...

ရွှေမိ ... ကျက်စီးခြင်းငါးပါးတို့အတွဲကိုသွားချောင်းနေတယ် ...၀ါသနာပါရင်လိုက်ခဲ့ အင်းယားကို
           (သူငယ်ချင်းနေမိုးကိုပြောတာပါ ... သူကစကားသိတ်မပီဖူးလေ သူပြောနေကျစကား
            က ငါလဲရန်ကုန်ရောက်မှ ကျက်စီးခြင်းငါးပါးကိုချစ်နေဘီ တဲ့ ) ခိခိ
     (မသွားဖူး ငါချစ်သူရ ရင်ဝဋ် လည်မှာကြောက်တယ် )

ဖျောင်း ....

အား...........ဘာလို့နရင်းအုတ်တာလဲဟ ငမျိုးရ

နင့်ရုပ်နင်ပြန်ကြည့်လေ ...ချစ်သူရမယ့်ရုပ်လားလို့ ...

ဟင့် .... ပြောရက်ထှ

မျှင်မျှင် ... ဆရာကန်တော.ပွဲကိစ္စပြောစရာရှိတယ် ငါတို့တွေ.နေကျနေရာလေးကိုလာခဲ့ ( တကြီး
              ဘစီ)
( တွေ့နေကျနေရာလေးဆိုတာက အာစီတူးအပြင်ဖက်ဘတ်စ်ကားဂိတ်ကခုံတန်းပါရှင့် ...
အဲ့တောကျီးကန်းကလေ ..ရေးလိုက်ရင် ..ဘာလိုလို ညာလိုလို ... ဟိုမလွတ် ဒီမလွတ် ..စိတ်ညစ် ပါတယ်ဟယ် )

ဒီနေ့အီးစီလို့ အများကသိထားတဲ့ ... တီမီးနူနူး ဘယ်မှမသွားပါဘူး ခညာ .... အဲ.လိုမသွားတဲ့အတွက်  ... အတန်းသားတွေ အကုန်လုံးမြန်မာစာ ဆရာလေးကို အီးစီက အရမ်းစိတ်ဝင်စားနေပြီ ဆိုတဲ့ အကြောင်း သူသိအောင် ကူညီကြ ပါဟာ ... ဒီတခါ တကယ် ရင်ခုန်တာပါ ... တစ်ကယ်ကြီးးး .... အတည်ကြီးပါချင့် ။

တကယ်လားအီးစီ

တုန်းကယ် ....

မပူနဲ့ငါတို့တာဝန်ထား ...

အီးစီ ... မနောက်ရဘူးနော် ကတိပေး တကယ်အတည်ကြံမှာပါလို့

ပေးတယ်...

ဆရာနဲ့တော့ ငါတို့ တတန်းလုံးနဲ့ မျက်နှာမပျက်ပါရစေနဲ့ဟာ

အေးပါဆိုကွာ...

အီးစီ ငါ့ကဗျာလေး ...ကြည့်ပေးဟာ ...။

ပေးချမ်း ....

                        ခြေသလုံးမွှေး  ငုတ်စလေးနှင်.
                        ပုဆိုးကွင်းသိုင်း ကိုရွှေဗျိုင်းက
                        ရွာက မဥ  ခပ်ပုပုကို

ဂိန်.... ဘာကြီးလဲဟ...နင့်ကဗျာက ....

ဆက်ဖတ်ပါအလိမ္မာတုန်းလေးရယ်နော် ....

                       အိမ်မှ နှင်ချ  ယောက္ခမက
                      နွားနှင့်ပုံနှိုင်း ကိုရွှေဗျိုင်းကို

အမ် ... ဟကောင် အမိုက်အမဲ ... ဘာကြီးတုန်ဟ

နင်ကလဲဟာ ငါ့အကိုကဗျာပါဟ ... သူယောက္ခမနှင်ချလို. ... သူဝမ်းနဲပြီးရေးထားတာဟ
မောင်မျိုးမင်းပါဟာ ... ငါမနဲခိုးလာရတာ ... ဆက်ဖတ်နော် ...

                      သောက်သောက် စာစား  လူ့ငနွားဟု
                     ပြောရက်လေခြင်း ကိုတုတ်ဗျင်းရယ် ...

                                                     ဥကိုချစ်တဲ့ ကဗျိုင်း
                                                   ( ၁၀ . ၁၀ . ၁၉၉၆ )
                         
အမလေးးးး...နောင်လာနောက်သားတွေဖတ်ရအောင် နေ့စွဲနဲ့ပါ တိတိကျကျ ပါလား
အရပ်ကတို့ရဲ့ ဟင် ... နင်းမိသမျှမိုင်းထဲမှာ ဒီမိုင်း က အကြီးဆုံး ပါဘုရားး...။


အီးစီ .... ထည့်ပေးမယ် မှတ်လားဟင် ... ကဗျာအခြေအနေ ဘယ်လိုလဲဟင် .... 

ဟင် ... ငါတို့ ဓါတုဗေဒ ဌာန ဂုဏ်ဆောင် ကဗျာကြီးဖြစ်မှာ ကျိန်းသေတယ် ... သိလားးးး ...  သေတောင်မထည့်ဖူး။

ဟမ် ... မလုပ်ပါနဲ့ အီးစီရာ နော် ... တက္ကသိုလ်ဂုဏ်ကို မဆောင်နိုင်ပေမယ့် ငါတို့ရွာရဲ့ ဂုဏ်ကို ဆောင်မှာပါဟာ .... ဘဘုန်းကြီးဆိုရင်လဲ ...ငါတို့ရွာက ကဗျာလေး ရန်ကုန်တက္ကသိုလ်က ဓါတုဗေဒ ကျောင်းသားတွေကဗျာစာအုပ်မှာ ပါတယ်ဆိုပြီး ၀မ်းသာမှာ အီးစီရာ နော်ပါဟာ ... လိမ်မာ ပါတယ် မသေးမျှင်ရယ် ....  အီးစီဆိုတာကျောင်းသားတွေကို စောင့်ရှောက်တာလေကွာ ... နင်လက်ခံလို့ ငါအရမ်းပျော်သွားမယ် ... ရွာကလူတွေလဲ အရမ်းပျော်ကြမယ် ... ကဲ နင်ဘယ်လောက်ကုသိုလ်ရလိုက်မလဲ အီးစီရာ ....

ဒုတ်...

အားးးးးးးးးးး ဘာလို့ကန်ပြန်တာတုန်းဟ

နင်ပြောမှပဲ အီးစီ ဆိုတာ နေ့ခလေးထိန်းခေါင်း ဖြစ်တော့တယ် ...  ငါဆုံးဖြတ်လို့မရဖူးသူငယ်ချင်းရ ကဗျာဆရာ အားလုံးဆုံးဖြတ်ရမှာ ...။

ဟုတ်လားး ..ဒါဆို ချန်ဆယ်လာ ကိုခုသွားမယ်လေ ...သူတို့တွေရှိတယ်ပြောတယ်....

ဟေ့အေးးး ... နိဖာသာသွား .. ငါစာရေးပေးလိုက်မယ်..... ငါမသွားဖူး ...ခင်လေးကိုကတိပေးထားတယ် .... ဒီနေ့ကျောင်းတက်မယ်လို့ 

ဟာ ... မရဖူးအီးစီရာ ... နင့်မျက်နှာမပြ ရင်ဒီကောင်တွေလက်ခံမှာမဟုတ်ဖူး .... အဲ့ကောင်တွေအကြောင်း ငါသိတယ်။ 

ဟဲ့ ... ငါက ဗူးဆို ဘယ်သောအခါမှ စတော်ဗယ်ရီ မသီးဖူးဘူး ...။ဒီနေ့မသွားဖူးဆို မသွားဖူး ...ဒါပဲ။

ခနနေတော့ ... ဒီကောင်မိုးကျော်ပြန်ရောက်လာတယ် ... ဘေးမှာခင်လေးနဲ့ ....

အီးစီ ..လာ ... ခင်လေးလဲလိုက်မယ်ပြောတယ် ... အတန်းတစ်ချိန်ဖျက်မယ်တဲ့ ....

ဟိုက် ... အတန်းမလစ်တတ်တဲ့ ခင်လေးက ... အတန်းတောင်လစ်မယ်ဆိုပဲ ... ကျားသားကို မိုးကြိုးတွေ ပြစ်လို့ ...။
((( မသွားချင်လို့ငြင်းခါမှ .. ဒီကောင်ဘယ်လိုစည်းရုံးလာပါလိမ့် ))))

ဒါနဲ့ပဲ ... မိန်းထဲကို ကဗျာအဖွဲ့နဲ့ဆုံဖို့ ယက်ကန် ယက်ကန် လိုက်သွားရပါလေရော


˜º̶̶ƷʌuτuмиƸ̶º˜˜ 

အပိုင်း ( ၂ ) ဆက်ဖတ်ရန်....

 

                    

လမ်းပြကြယ်လေးတပွင့်




နူးအကိုကြီး ... ကိုမျိုးနိုင် တစ်ချိန်က နူးအတွက်ရေးပေးတဲ့ကဗျာလေးပါ....

Ko Naing

ကမ်းမမြင်လမ်းမမြင်
ကူးခပ်နေစဉ်အခါ
ကောင်းကင်ကကြယ်လေး
သူ... လမ်းပြတယ် ။

ကြယ်လေးက
ကျနော့်ဘဝလဲ
ထို့အတူပါဘဲ
စာမတတ်ပေမတတ်
အပေါင်းအသင်းကမရှိ
ဥာဏ်ကနည်းကံကမွဲ
ထူထူထဲထဲ အအတတ
လူ့ဗာလလေးကို ။

သူ
လမ်းပြကြယ်လေးက
အလင်းရောင်တွေပေး
ဥာဏ်ကောင်းဆေးတွေတိုက်
မိုက်နေတဲ့အသိတွေကိုဖွင့်
လူရာတင့်စေဖို့ကူညီ
အပေါင်းအသင်းစုံညီအောင်
မိတ်ကောင်းဆွေညာကိုပေး 
 ညီ,အကို မောင်,နှမတွေဖွဲ့လျှက်
အားတတ်စေဖို့တိုက်တွန်း
ရင်တွင်းမှာကြည်နူးမိ

ကုသိုလ်အသိတွေတိုးပွား
ရိုးရိုးသားသားကျနော်ပြောမယ်
နွေးထွေးလက်ပိုင်ရှင်အားလုံးကို
လေးစားပါတယ် ခင်မင်ပါတယ်
အညာကတောသား ကျနော်
အမေပေးထားတာက မျိုးနိုင်

နွေးထွေးလက်မှာက ကိုကိုနိုင်
အခု ကိုနိုင်ဆိုတာလဲ အဲ ကျနော်

ဘုရားပုံတော်လေး
















ကျမဒီအလုပ်လေးကိုစရောက်တာ .... ၂၀၁၁ ဧပြီလကပေါ့ ကျမ သူထေး ရဲ့ယောက္ခမက သူ့ကျောင်းအတွက်ကျမကို လိုအပ်တယ်ဆိုပြီး သူထေးဆီကတောင်းယူခဲ့လိုရောက်လာရတာ။ သူကအသက် ၆၀ကျော် အဖွားကြီးပေါ့ ။

သူ့နာမည် အားလီယာတဲ့ ကျမသူငယ်ချင်း သူထေးထက်ကျမကို ပိုချစ်တာပေါ့ သမီးလေး တစ်ယောက် လိုပဲ အရာရာအစစ လွှဲထားတာ သူမှာသမီးသုံးယောက် သားတစ်ယောက်ရှိတယ် ရာစင် ဆယ်လမာ အေမန်း ရက်စမင်းတဲ့ သူ့ကျောင်းလေးမှာ စာပြနေရာကနေ နောက်ပိုင်း သူ့ရဲ့လူယုံလို သဘောထား လာတာ သူ့တစ်အိမ်လုံးသော့ကိုင်ပေါ့ ဒီအတွက်သူ့သမီး အိမ်ထောင်သည် ( ၃ ) ယောက်က ကျမကိုတအားမုန်းတာ လုံးဝကြည့်မရဖူးလေ။ ဒီလိုနဲ့တစ်နှစ်ခွဲတိတိ ကြာလာတဲ့ တစ်နေ့မှာပေါ့ ...

သမီး ကြာသပတေးည ငါတို့လင်မယား အိမ်ထောင်သက် ( ၅၁)နှစ်ပြည့် အိမ်မှာဒင်နာရှိတယ် ။ မင်းလာခဲ့နော် ....။

ဟုတ်။ လာရမှာပေါ့ မလာလို့ရမှာလား ။လိုတာအားလုံးစီစဉ်ပေးမယ်နော် မာမား လို့ပြောလိုက်တယ်။

ဒါနဲ့ ကြာသပတေးညနေ ကျောင်းအပြန်မှာ ကျောင်းရဲ့ ခြံဝင်း ( ၄ ) ခုကျော်မှာရှိတဲ့ သူထေး အိမ်ရဲ့ မြေအောက်ထပ် အခမ်းနားဆုံး ဧည့်ခန်းမကြီးကို ပထမဆုံး အကြိမ် ရောက်လာခဲ့တယ် ။ လှလိုက်တာ ခမ်းနားလိုက်တာ မပြောပါနဲ့တော့ ။

သူမိတ်ဆက်ပေးတဲ့တစ်ချို့ဆရာမတွေနဲ့စကားပြော သူ့သမီးတွေနဲ့ စနူကာ ထိုးနေရင် သန့်စင်ခန်းသွား ချင်တာနဲ့ ဧည့်သည်များသန့်စင်ခန်းကိုသွားတာပေါ့ ။

သန့်စင်ခန်းက တိုက်ခန်း တစ်ခန်း စာလောက်ကို ကျယ်တာ သန့်စင်ခန်းထဲမှာ မှန်ကြည့်  လက်ဆေး ခရစ်စတယ် ပန်းအိုးတွေလိုက်ကြည့်ရင်း အမှတ်မထင် ဗိုလ်ထိုင် ဘေးက ကြမ်းပြင်ထောင့်မှာ အလှချ ထားတဲ့ မဲမဲ အရာလေး တစ်ခုကိုအမြင်မှာ လူတောင်မိုက်ခနဲဖြစ်ပြီး မျက်လုံးတွေ ပြာတက်လာခဲ့တယ် ။

ထုံးစံအတိုင်း ဘယ်လိုမှ သုံးစားလို့မရတဲ့ ဆိုးမှန်းသိရက်နဲ့မထိန်းနိုင်တဲ့ ဒေါသဆိုတဲ့ မီးတောက်ကြီးဖြစ် လာပြီး တစ်ကိုယ်လုံးတုန်လာတယ် ရော။ ဘာမှမပြောမဆို ဒရိုင်ဘာကိုလဲ မခေါ်တော့ပဲ တစ်ယောက် ထဲ ပြန်လာ ခဲ့တယ် ။

တစ်ကယ်ဆို ကျောင်းနဲ့သူထေးအိမ် ရှိနေတဲ့ နေရာ က တောင်ကုန်းတစ်ခုပေါ်မှာ ပါ တောင်ခြေ ကိုခြေထောက်နဲ့ဆင်းရင်အနဲဆုံး တစ်နာရီခွဲကြာတာ ကိုယ်ပိုင်ကား မရှိရင်သွားမရဖူးလေ ။

သူထေးလဲ ကျမပျောက်သွားတာနဲ့ ပျာယာတွေခတ် ဒရိုင်ဘာကလဲ လိုက်ရှာတာမတွေ့ ဖုန်းလဲခေါ်လို့ မရနဲ့  အားလုံးသောကတွေရောက်နေရတာပေါ့ ။

ဒီလိုနဲ့ တနင်္ဂနွေကျောင်းပြန်ဖွင့် ကျောင်းရောက်တော့ ၀ိုင်းဆူ ၀ိုင်းမေးကြတာပေါ့ ဘာဖစ်တာလဲတဲ့ ဘာမှမဖြစ်ပါဖူးပဲဖြေလိုက်တယ်...။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်မှ သူထေးအိမ်မသွားတော့ဖူး သွားရဖို့ အကြောင်းဖန်လာလဲ အလုပ်ပါထွက်မယ်ပြောတာ ..။

ဒါနဲ့တစ်နေ့ သူထေးဆေးရုံတင်ရရော ... လက်ပြင်ကျောညပ်တာ ထုတ်မရတော့လို့ ခွဲစိတ်ရတယ် ။ ဒါကနာရေးလဲဖစ်နေတယ် မသွားလို့ကလဲမကောင်းတော့ သွားရတော့တာပေါ့ ။သူထေး နဲ့သူ့ယောက်ျား ကလဲ ဘာလို့သူ့အိမ်ကို အလှူနေ့ပြီးထဲက ခါးခါးသီးမလာချင်တာလဲသိချင်နေတာ။

သူထေးအိမ်ရောက်တော့ သူထေးကိုသတင်းမေး လိုအပ်တာလေးတွေလုပ်ပေး အိမ်သာတည် အ၀တ်လဲ လုပ်ပေးပြီး စိတ်က မနေနိုင်ပြန်ဖူး ဧည့်သည် သန့်စင်ခန်းကိုသွားချင်လာတယ်။ အဲ့တာနဲ့ သန့်စင်ခန်း သွားပြီး ဘိုထိုင် နားကကြမ်းပြင်က ငွေဗန်းထဲမှာထည့်ထားတဲ့ အရာလေးဘေးမှာ ပုဆစ်တုတ်ထိုင်ပြီး ဒီအရုပ်လေးကို ပါးနဲ့ပွတ်ပြီး ထပြန်လာခဲ့တယ်။ပြီးတော့ သူထေးအိမ်က ပြန်လာတာပေါ့။


ဒီလိုနဲ့သူထေးက နေပြန်ကောင်းလာပြီးတစ်နေ့ မြို့ထဲမှာဈေးဝယ်သွားစရာရှိတာ လိုက်ခဲ့ပါလို့ပြောတာနဲ့ လိုက်သွားတာ သူက ကျောင်းကနေ သူ့အိမ်မှာတခုခုမေ့ ကျန်ခဲ့လို့ဆိုပြီး ခေါ်သွားတယ် ။

နုးလဲငြင်းချိန် မရလိုက်တော့ ဖူး ။ ဒါနဲ့သူ့ယောက်ျားက ...ဟေးသမီး လာပါအုန်း ပါးပီ သမီးကိုပြစရာရှိ တယ်လို့ပြော တာနဲ့  သူ့ဧည့်ခန်းမှာခနထိုင်တော့ ...သူ့မိန်းမ သူထေးမပါ ဘေးနားလာထိုင်တယ် ပြီးတော့ ဗွီဒီအိုလေးဖွင့်ပြတယ် ...

ဟာ .... သန့်စင်ခန်း  ပြီးတော့ ဘိုထိုင်နား ကြမ်းပြင်က ရှေးဟောင်းဘုရားခေါင်း ဆင်းတုလေး ပြီးတော့ သန့်စင်ခန်းထဲကို ဂျင်းဘောင်းဘီ ၊ ရှပ်လက်ရှည်နဲ့ ၀င်လာတဲ့ မိန်းခလေး ပြီးတော့  ဘုရားခေါင်း ပုံလေးဘေးမှာ ကျုံ့ကျုံ့လေးထိုင်းပြီး ဘုရားရဲ့သင်းကျစ်တော်ကိုပါးနဲ့ပွတ်ပြီး ငိုနေပုံ ပြီးတော့ ဘုရားခေါင်းလေးကို အသာလေးမ ခုံပေါ်တင်ပြီး ကြမ်းပြင်မှာထိုင် ဦးသုံးကြိမ်ချ ပြီးတော့ မျက်နှာ သစ် ပြန်ထွက်လာပုံ အစအဆုံး CCTV ဖိုင်လေး။

ဆောရီး ... လို့ပြောပြီး ကျမ ၀ဲနေတဲ့ မျက်ရည်ကိုသိမ်းလိုက်တယ် ...။

ငါတို့ဘ၀မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲသမီး ။ နူးညံ့တယ် သိမ်မွေ့တယ် ပြီးတော့ ဒီဟာကိုတွေ့တဲ့အတွက်ရန်လဲမလုပ်ဖူး တိတ်တိတ်လေးရှိခိုးသွားတယ်။
အိမ်သာထဲက ဘုရားကိုရိုရိုသေသေ ရှိခိုးဖို့ ၀န်မလေးဖူး ။ ဒီနေရာမှာငါတို့ဘာသာတွေဆို မရဖူးတဲ့။

ဒီတော့ သမီးရယ် ဒီဘုရားပုံလေးကို တရားဝင်ဧည့်ခန်းမှာထားရင်လဲ တစ်ယောက်ယောက် မြင်ပြီး သွားတိုင်ရင် အန္တရာယ်ရှိတယ် ဒါကြောင့် မိသားစု ထမင်းစားခန်းက စင်လေးပေါ်မှာ တင်ထားပေးပါ့မယ့် .. ၀မ်းမနဲနဲ့တော်နော်တဲ့ .။ မျက်ရည်တွေ ကျပြီး ကျေးဇူး ကျေးဇူး ဆိုတာကို ဘယ်နှစ်ခေါက် လက်အုပ် ချီပြီးပြော မိမှန်းမသိလိုက်ဖူး။ ပြီးတော့ ဒီဘုရားပုံတော်လေး အတွက်ပဲ ဒီသူထေးဆီမှာ နောက်ထပ် ၂နှစ်တိတိ စာချုပ်ချုပ်ဆက်လုပ်ခဲ့တယ်။